မောင်တောတွင် နယ်ခြားစောင့်စခန်းသို့ ရိက္ခာသွားပို့သူများအပါအဝင် ခမောင်းဆိပ်ရွာသား ၆ ဦး ပျောက်ဆုံးနေ

မောင်တောတွင် နယ်ခြားစောင့်စခန်းသို့ ရိက္ခာသွားပို့သူများအပါအဝင် ခမောင်းဆိပ်ရွာသား ၆ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ နယ်ခြားစောင့်ရဲစခန်းသို့ ရိက္ခာသွားပို့သူ ၃ ဦးနှင့် ငါးရှာသွားသူ ၃ ဦးတို့မှာ သြဂုတ်လ ၁၂ ရက် က ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးနေသူတို့မှာ ကိုလှမောင်၊ ကိုသင်္ခါကျော်၊ ကိုသာလှထွန်း၊ ကိုမောင်လှ၊ ကိုမောင်မြနှင့် ဦးရန်အောင်ချေတို့ဖြစ်ကြသည်။ ၎င်းတို့မှာ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာနှင့် ဝေလတောင်ကျေးရွာအကြားတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသွားသူများထဲမှ ကိုလှမောင်၊ ကိုသင်္ခါကျော်နှင့် ကိုသာလှထွန်းမှာ သြဂုတ် ၁၂ ရက်နေ့ နံနက် ၁၀ ကျော်ခန့်က ခမောင်းဆိပ်ကျေးရွာ၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ မိုင်တိုင်(၄၃) နယ်ခြားစောင့်ရဲစခန်းသို့ ရိက္ခာများသွားပို့စဉ် လမ်းတွင်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ကိုလှမောင်၏အစ်ကိုဖြစ်သူ ကိုဘမောင်က DMG သို့ပြောသည်။

“သူတို့က ကယ်ရီ(သုံးဘီး)မောင်းတဲ့သူတွေပါ။ မနေ့က အဲဒီမိုင်တိုင်(၄၃)မှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်းက ပစ္စည်းတွေမှာလို့ ငါးခြောက်တွေ၊ ဟင်းသီးဟင်းရွက်တွေ သွားပို့တာ။ နေလည် ၁ နာရီထိုးတော့ အဲဒီစခန်းက ဗိုလ်လေးက ဖုန်းဆက်တယ်။ ပစ္စည်းတွေ ပို့လိုက်ပြီးလာဆိုတော့ ကျွန်တော်ဆီကိုဖုန်းဆက်တယ်။ ကျွန်တော်က သူတို့သွားတာကြာပြီ။ အခုထိ မရောက်သေးဘူးလားမေးတော့ မရောက်သေးဘူးလို့ပြောတယ်။ ညနေအထိ ပြန်မရောက်ဘူး၊ လမ်းမှာပျောက်သွားတာ”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ခမောင်းဆိပ်ကျေးရွာနေ ကိုမောင်လှ၊ ကိုမောင်မြနှင့် ဦးရန်အောင်ချေတို့မှာလည်း ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ တံတားအနီးတွင် ယမန့်နေ့ကငါးရှာသွားစဉ် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ငါးရှာသွားသူ ကိုမောင်လှ၏ မိသားစုဝင်တစ်ဦးကပြောသည်။

“သူတို့သုံးယောက်က မနေ့ကငါးရှာသွားတာ။ ခမောင်းဆိပ်ကျေးရွာအနီးက တံတားနားကမြစ်ကို ငါးရှာသွားတာပါ။ အဲဒီမှာပျောက်သွားတာ။ ဘယ်အဖွဲ့က ဖမ်းဆီးသွားတာလဲဆိုတာ မသိဘူး။ ဒီနေ့အထိလည်း ပြန်မရောက်သေးဘူး။ ကျွန်တော်တို့ သွားရှာတော့လည်း မတွေ့ဘူး။ မိသားစုအနေနဲ့တော့ စိုးရိမ်မှုရှိတာပေါ့”ဟု ၎င်းကဆိုသည်။

မောင်တောဒေသသည် မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင်လည်း နှစ်ဘက်စစ်ရေးတင်းမာနေသည့် ဒေသဖြစ်သည်။

ခမောင်းဆိပ်ကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်နေထိုင်ပြီး ၎င်းတို့မှာ ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကြောင့် ဝေလတောင်ကျေးရွာမှ ခမောင်းဆိပ်သို့ ပြောင်းရွေ့နေထိုင်လာကြခြင်းဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...