ULA/AA သို့ တိုင်ကြားလာသည့် ရခိုင်မှ မြေယာအငြင်းပွားမှုပေါင်း ၈၀၀ ခန့်အထိရှိဟုဆို

ULA/AA သို့ တိုင်ကြားလာသည့် ရခိုင်မှ မြေယာအငြင်းပွားမှုပေါင်း ၈၀၀ ခန့်အထိရှိဟုဆို

ရခိုင်ပြည်အတွင်းဖြစ်ပွားနေသည့် မြေယာအငြင်းပွားပေါင်း ၈၀၀ ခန့်အထိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)ထံ တိုင်ကြားမှုရှိသည်ဟု ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

အဆိုပါအမှုများမှာ လယ်ယာမြေ၊ အိမ်ယာမြေ အငြင်းပွားမှုများအပြင် ယခင် NLD အစိုးရလက်ထက်က မဖြေရှင်းနိုင်ခဲ့သည့် အမှုများလည်းပါဝင်သည်ဟု ဦးခိုင်သုခက သြဂုတ်(၁၁)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“ဒီစာရင်းဟာ နိုင်ငံရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးရုံးထဲက လက်ခံရရှိထားတဲ့ အမှုတွေပဲဖြစ်ပါတယ်။ အဲဒီထဲကမှ အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ဆက်စပ်တဲ့အမှုတွေလည်းရှိပါသေးတယ်။ ကျနော်တို့အစိုးရလက်ထက်မှာ မြေယာပြဿနာကိုတွေကို ဖြေရှင်းပေးဖို့အတွက် ကျနော်တို့ဟာ မြေယာမူဝါဒကို မြေယာကော်မတီနဲ့ရေးဆွဲထားရှိပါတယ်”ဟု ၎င်းကဆိုသည်။

ULA/AA တရားရုံးများသို့ တိုင်ကြားလာသည့်အမှုများထဲတွင် လယ်ယာမြေအမှုကိစ္စမှာ အများဆုံးဖြစ်သည်ဟုလည်း သိရသည်။

အိမ်ယာမြေ အငြင်းပွားမှုများအားဖြေရှင်းရန် ULA/AA အနေဖြင့် မူဝါဒနှင့် လုပ်ပိုင်ခွင့်များကိုရေးဆွဲနေပြီဖြစ်ကာ နောက်ဆုံးအဆင့်ထိရောက်ရှိနေပြီဟု ULA/AA ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ဆက်ပြောသည်။

“အခုဆိုရင် ဖြေရှင်းလို့ရတဲ့ လယ်ယာမြေပြဿနာတွေကို စလို့ ကိုင်တွယ်ဖြေရှင်းနေပါပြီ။ တချို့အမှုတွေဆိုရင်လည်း ဖြေရှင်းလိုက်လို့ အဆင်ပြေသွားတာတွေရှိသလို တချို့အမှုဆိုရင်လည်း အချိန်ယူပြီးတော့ ဖြေရှင်းရမယ့် အမှုတွေလည်းရှိပါတယ်။ လက်ရှိရခိုင်ပြည်ထဲက စစ်ရေးအခြေနေကြောင့် အမှုတွေကိုဖြေရှင်းဖို့အတွက် ကြန့်ကြာနေတာတွေလည်းရှိပါတယ်။ အမှုပြီးစီးတဲ့အချိန် မြန်တယ်ကြာတယ်ဆိုတာဟာ အခုစစ်ရေးအခြေနေနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်”ဟု ဦးခိုင်သုခကဆိုသည်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် နေထိုင်သူတစ်ဦးက “ကျနော်တို့မှာလည်း အိမ်ခြံနေရာကို ကျူးကျော်တာနဲ့ပတ်သက်ပြီးတော့ ULA/AA  ကို တိုင်ကြားထားတာရှိတယ်။ တိုင်ထားတာတော့ ၆ လလောက်ရှိပါပြီ။ အခုချိန်ထိတော့ ဖြေရှင်းတာမရှိသေးဘူး။ တချို့ဆိုရင် လူကိုထိန်းသိမ်းပြီးတော့ မေးမြန်းစစ်ဆေးတာတွေလည်းရှိပါတယ်”ဟု ပြောသည်။

၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း ULA/AA တရားရေးဌာနသို့ တိုင်တန်းလာသည့် ရာဇဝတ်မှုပေါင်း ၁၈၄၆ မှုနှင့် မတရားမှုပေါင်း ၁၉၉၂ မှုရှိခဲ့သည်ဟုလည်း သိရသည်။

ထိုသို့တိုင်တန်းလာသည့် အမှုများအနက် ရာဇဝတ်မှု ၁၀၂၅ မှုနှင့် တရားမမှု ၈၇၅ မှုတို့ကိုဖြေရှင်းနိုင်ခဲ့ပြီး ရာဇဝတ်မှု ၈၂၁ မှုနှင့် တရားမမှု ၁၁၁၇ မှုတို့ကို ဆက်လက်ဖြေရှင်းလျက်ရှိကြောင်းဆိုည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...