သထုံမြို့နယ်မှာ အရပ်သား ကားနဲ့ သယ်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေကို KNLA သိမ်းယူ

သထုံမြို့နယ်မှာ အရပ်သား ကားနဲ့ သယ်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေကို KNLA သိမ်းယူ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးနဲ့ထုံးဘိုကြီးကျေးရွာ သွားလမ်းပေါ်မှာ အရပ်သားကားနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို KNLA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့မှာ သထုံမြို့က ဝင်ရောက်လာတဲ့ ကားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေက စစ်ဆေးနေချိန် ကားတစ်စီးပေါ်မှာ စစ်ကောင်စီတပ်သားတွေအတွက် သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို တွေ့ရှိပြီးနောက် သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူလိုက်တဲ့ ပစ္စည်းတွေထဲမှာတော့ 5 .56mm ကျည် ၂၅၀ တောင့်၊ 7.62 mm ကျည် ၄၉ တောင့်၊ စစ်သုံးဦးထုပ် ၉ လုံး၊ ကျည်ကာအင်္ကျီ ၇ စုံ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား တစ်ခု၊ နာရီ ၂ လုံးနဲ့ စားနှပ်ရိက္ခာတချို့ ဖြစ်ပါတယ်။

KNU သထုံခရိုင် တာဝန်ရှိသူတွေကတော့ သိမ်းယူလိုက်တဲ့ လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေဟာ စစ်ကောင်စီ ခမရ(၄၀၁) ရှေ့တန်းတပ်ဖွဲ့တွေထံ ပို့ဆောင်မယ့် ပစ္စည်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အတွက် လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားသမားကိုတော့ နောက်တစ်ကြိမ် သယ်ဆောင်တာတွေ မလုပ်ဖို့ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘီးလင်းမြို့နယ် စစ်ကောင်စီ ဝင်းတာပန်နဲ့ လေးကေစခန်းအတွက် ရိက္ခာနဲ့လစာတွေ ထုတ်ယူပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး တိုက်မိုင်းထိပြီး သေဆုံးထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...