မိုးများပြီး ရေကြီးနေတာကြောင့် တောင်ပျောက် စစ်ရှောင်တွေ နေထိုင်စာသောက်ရေး အခက်အခဲ ဖြစ်နေ

မိုးများပြီး ရေကြီးနေတာကြောင့် တောင်ပျောက် စစ်ရှောင်တွေ နေထိုင်စာသောက်ရေး အခက်အခဲ ဖြစ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲမှာ အခုရက်ပိုင်းအတွင်း မိုးများပြီး ရေကြီးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေကြတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တောင်ပျောက်တိုက်နယ်မှာ မိုးများပြီး ချောင်းရေတွေ တက်လာတဲ့အတွက် စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေထိ ရေရောက်လာတာကြောင့် နေထိုင်မှု အခက်အခဲနဲ့ အမိုးအကာတွေ လိုအပ်နေသလို စားနပ်ရိက္ခာတွေ သယ်ယူဖို့ အခက်ကြုံနေရတာပါ။

"အခုက မိုးများပြီးရေကြီးနေတော့ စားနပ်ရိက္ခာသယ်လို့မရဘူး၊ ရေကြီးနေတဲ့ ရွာတွေဘက် ချောင်းတွေများတယ်၊ ပြီးတော့ အမိုးအကာတွေ မလုံလောက်ဘူး၊ အချို့နေရာတွေကျ ရေဝင်တော့ ရွှေ့ပြောင်းရတာတွေလည်း ရှိတယ်”လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဖုန်းနဲ့ အင်တာနက်လိုင်းတချို့ ဖြတ်တောက်ထားတာကြောင့် အကူအညီ တောင်းခံဖို့ အခက်အခဲ ရှိနေပြီး လာရောက်ကူညီသူတွေလည်း မရှိသလောက် နည်းပါးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တောင်ပျောက်စစ်ရှောင်ပြည်သူတွေထဲမှာ ငှက်ဖျားနဲ့ ရာသီတုပ်ကွေးဖြစ်ပွားသူ ၂၀ ထက်မနည်း ရှိနေပြီး သူတို့အတွက် ဆေးဝါးမလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။

တောင်ပျောက်တိုက်နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးပါဘူး။

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...