စစ်ကောင်စီက အရပ်သားပြည်သူ ၅၀ ခန့်ဖမ်းထား၊ ဖမ်းဆီးမှုကို ရပ်တန့်၍မရနိုင်ဟု AA ပြော

စစ်ကောင်စီက အရပ်သားပြည်သူ ၅၀ ခန့်ဖမ်းထား၊ ဖမ်းဆီးမှုကို ရပ်တန့်၍မရနိုင်ဟု AA ပြော

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရခိုင်ဒေသခံ ၅၀ နီးပါးကို ဖမ်းဆီးထားသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(ဩဂုတ်လ ၁၁ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

စစ်ကောင်စီမှဖမ်းဆီးခဲ့သည့် အရပ်သားပြည်သူ ၁၀၀ နီးပါးအထိရှိခဲ့ရာ လက်ရှိတွင် တစ်ချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း လူဦးရေ ၅၀ ကျော်မှာ ဆက်လက်အဖမ်းခံထားရသည်ဟုဆိုသည်။

“ရခိုင်ပြည်မှာ မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ဇွန်လနောက်ဆုံးပတ်ကစပြီး ဒီနေ့အထိ ဖမ်းဆီးခဲ့တဲ့လူပေါင်း ၁၀၀ နီးပါးအထိရှိခဲ့ပြီး အခုတစ်ချို့ကို ပြန်လွှတ်ပေးလိုက်ပေမယ့် လူပေါင်း ၅၀ ကျော်အထိ အဖမ်းခံထားရပါတယ်”ဟု ၎င်းကပြောသည်။

ရက္ခိုင့်တပ်တော်(ULA/AA)အား ထောက်ခံသည်ဟုယူဆသည့် အပြစ်မဲ့ပြည်သူလူထုများကို စစ်ကောင်စီမှ အကြောင်းအမျိုးမျိုပြကာ ဖမ်းဆီးခြင်းဟု ဦးခိုင်သုခကဆိုသည်။

“နိုင်ငံရေးအနေအထားအရ ULA/AA ကို ပြည်သူလူထုတွေရဲ့ ထောက်ခံမှုက အထွဋ်အထိပ်ကိုရောက်နေတဲ့အခါ မြန်မာစစ်တပ်က ULA/AA ကို ထောက်ခံတယ်လို့ယူဆတဲ့ အပြစ်မဲ့ပြည်သူတွေကိုမြန်မာစစ်တပ်ဟာ အကြောင်းအမျိုးမျိုးပြပြီး မတရား လိုက်လံဖမ်းဆီးပြီးရင် ရခိုင်ပြည်မှာလူဖမ်းပွဲတွေ ပြုလုပ်လာပါတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများကို ထိုသို့ဖမ်းဆီးနေမှုအပေါ် ရပ်တန့်ရန်မလွယ်ကူကြောင်း၊ ပြည်သူများအနေဖြင့် သွားသတိ၊ လာသတိ၊ စစ်ရေးသတိဖြင့်သာ သွားလာကြရန် ဦးခိုင်သုခကအကြံပြုသည်။

“စစ်ကောင်စီက အခုလိုဖမ်းဆီးနှိပ်စက်နေတာတွေကို ကျနော်တို့က ရပ်တန့်ဖို့ကတော့မလွယ်ပါ။ ဘာလို့လဲဆိုရင် အခုတင်းမာနေတဲ့အနေအထား အားလုံးဖြစ်နေတာကတော့ စစ်ကောင်စီဘက်က ကျနော်တို့ပြည်သူတွေအပေါ်မှာ အခုလိုမတရားဖမ်းဆီးမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သွားသတိ၊လာသတိ၊စစ်ရေးသတိ အမြဲရှိပြီးသွားလာကြဖို့အတွက်ပဲ ကျနော်တို့အနေနဲ့ အကြံပြုလိုပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် စစ်ရေးတင်းမာမှုများရှိလာနေပြီး မောင်တော၊ ပလက်ဝမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုရှိလာနေသည်။ စစ်ရေးတင်းမာမှုရှိလာပြီးနောက် မြန်မာစစ်တပ်ဘက်ကလည်း အရပ်သားပြည်သူများကို ဖမ်းဆီးမှုရှိသကဲ့သို့ ရက္ခိုင့်တပ်တော်ဘက်ကလည်း ရဲနှင့်စစ်သားများကို ဖမ်းဆီးမှုရှိနေသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...