ဆယ်ဇင်းကျေးရွာ ဘုန်ကြီးကျောင်းတွင် ပိတ်မိနေသူများခဏသာ ထွက်ခွင့်ရရှိ

ဆယ်ဇင်းကျေးရွာ ဘုန်ကြီးကျောင်းတွင် ပိတ်မိနေသူများခဏသာ ထွက်ခွင့်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ဒီမနက် ဩဂုတ်လ (၁၁) ရက်နေ့ နံနက်ပိုင်း (၇) နာရီအချိန်လောက်က ခဏထွက်ခွင့်ပေးခဲ့တာကြောင့် ရွာအတွင်းပိတ်မိနေတဲ့ ဒေသခံအချို့မှာ ဟောင်ပါး၊ တာမခန်ဘက်ကို စစ်ရှောင်ခွင့်ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။

ခဏတာ ထွက်ခွင့်ပေးတာခဲ့ပြီး လက်ရှိအချိန်မှာတော့  ထွက်ခွင့်ကို ပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဟုတ်တယ်။ ကျွန်တော်တို့ကြိုနေတယ် မြေပြင်မှာကို ကြိုနေတယ်။ အခုကတော့ ပိတ်သွားပြီ” လို့ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။

ဒေသခံအချို့မှာ ထွက်ခွင့်ရတဲ့ချိန် နေအိမ်ကို ခဏပြန်ပြီးပစ္စည်းယူတဲ့ သူအနည်းအကျဉ်း ပိတ်မိလျက်ရှိနေသေးပြီးတော့ ဒီကနေ့ မနက်ပိုင်း ဆယ်ဇင်းကျေးရွာဘက်က ထွက်လာတဲ့ ဒေသခံမှာ အယောက် (၄၀၀) ကျော်ခန့်ရှိပြီးဟောင်ပါး၊ တာမခန် တစ်လျှောက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မနေ့ကလည်း စစ်ကောင်စီဘက်က ဟယ်လီကောပ့်တာ (၄) စီးနဲ့ တန်ချယ်လ်ကွင်းဘက်မှာ စစ်အင်အားတိုးချဲ့လျက်ရှိပြီးတော့ စစ်ရေးအရ စစ်ဇုန်ဖြစ်လာနိုင်တဲ့အနေအထားမှာရှိတာကြောင့် ဆယ်ဇင်းကျေးရွာအနီးကရွှေပြည်မြင့်ကျေးရွာ၊ လမ်းဆုံ အစရှိတဲ့ ကျေးရွာတော်တော်များများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဆက်ဆိုပါတယ်။

“ မနေ့ကလည်း တန်ချယ်လ်ကွင်းမှာ ဟယ်လီကော့ပ်တာနဲ့ အင်အားတွေပြန်ချ။ သူတို့အင်အားတွေ ထောင့်ပြီဆိုမှအချိန်အတိုင်းအတာ တစ်ခုနဲ့ ထွက်ခွင့်ပေးတဲ့ သဘောမှာရှိတယ်။ ရွှေပြည်မြင့်တို့ လမ်းဆုံတို့မှာ ရှိတဲ့ ပြည်သူအကုန်လုံးထွက်ကြရပြီ။ စစ်ဇုန်ဖြစ်လာမယ်ဆိုတော့လေ” လို့ ဆက်ဆိုပါတယ်။

လက်ရှိချိန် ကျေးရွာတွင်း စစ်ကောင်စီတပ်ဘက်ကနေ လူအင်အား အမြှောက်အမြားနဲ့ တပ်စွဲနေထိုင်နေပြီးကျေးရွာတွင်းက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...
May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
May 29, 2026
စစ်အုပ်စုရဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ဆောင်နေမှုကို...
May 28, 2026
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ရေးအခြေအနေရ ပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ကျောင်းသူ/...