AA အနေဖြင့် ယုံကြည်ရသည့်အခြေအနေမမြင်ရသေး၍ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေးဟုဆို

AA အနေဖြင့် ယုံကြည်ရသည့်အခြေအနေမမြင်ရသေး၍ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေးဟုဆို

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် လောလောဆယ်တွင် ယုံကြည်ရသည့်အခြေအနေမမြင်ရသေး၍ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေးကြောင်း ယနေ့သြဂုတ်လ ၁၁ ရက်၊ ULA/AA ၏ စတုတ္တအကြိမ်မြောက် သတင်းရှင်းလင်းပွဲတွင် ULA/AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

လက်ရှိတွင် နေပြည်တော်၌စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့အစည်းအချို့ကို အေအေအနေဖြင့် အဆိုပါ ဆွေးနွေးပွဲများမှ မည်သည့်အသီးအပွင့်ရလဒ်များ ရရှိကြောင်းကို စိတ်ဝင်တစားဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိနေပြီး လက်ရှိအချိန်အထိ အားရစရာ မတွေ့ရသေးကြောင်း ဦးခိုင်သုခက ပြောသည််။

“ကျနော်တို့တွေ့ဆုံလို့ရအောင်အထိ ယုံကြည်ရတဲ့အခြေအနေတစ်ခုကိုလည်း အခုထက်ထိ မမြင်ရသေးပါဘူး” ဟုပြောသည်။

သို့ရာတွင် ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိနိုင်ပါက လုပ်သင့်လုပ်ထိုက်သည့်အလုပ်များကို လုပ်ဆောင်ရန်အတွက် ULA/AAအနေဖြင့် အဆင်သင့်ရှိကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုသည်။

“ဒါပေမယ့် ကျနော်တို့သည် ပြည်သူလူထုအကျိုးမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ဖို့အတွက် ကျနော်တို့မှာအဆင်သင့်ရှိပါတယ်” \ဟုပြောသည်။

လက်ရှိရခိုင်တွင် အေအေနှင့်မြန်မာစစ်တပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေကာ မြန်မာစစ်တပ်အနေဖြင့်် ULA/AAနှင့် ဆက်စပ်သူများကို ရခိုင်ပြည်အနှံ့တွင် လိုက်လံရှာဖွေဖမ်းဆီးမှုများရှိပြီး အရပ်သားဒေသခံတချို့ကိုလည်း အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲမှုများပြုလုပ်နေကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...