AA အနေဖြင့် ယုံကြည်ရသည့်အခြေအနေမမြင်ရသေး၍ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေးဟုဆို

AA အနေဖြင့် ယုံကြည်ရသည့်အခြေအနေမမြင်ရသေး၍ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေးဟုဆို

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် လောလောဆယ်တွင် ယုံကြည်ရသည့်အခြေအနေမမြင်ရသေး၍ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေးကြောင်း ယနေ့သြဂုတ်လ ၁၁ ရက်၊ ULA/AA ၏ စတုတ္တအကြိမ်မြောက် သတင်းရှင်းလင်းပွဲတွင် ULA/AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

လက်ရှိတွင် နေပြည်တော်၌စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့အစည်းအချို့ကို အေအေအနေဖြင့် အဆိုပါ ဆွေးနွေးပွဲများမှ မည်သည့်အသီးအပွင့်ရလဒ်များ ရရှိကြောင်းကို စိတ်ဝင်တစားဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိနေပြီး လက်ရှိအချိန်အထိ အားရစရာ မတွေ့ရသေးကြောင်း ဦးခိုင်သုခက ပြောသည််။

“ကျနော်တို့တွေ့ဆုံလို့ရအောင်အထိ ယုံကြည်ရတဲ့အခြေအနေတစ်ခုကိုလည်း အခုထက်ထိ မမြင်ရသေးပါဘူး” ဟုပြောသည်။

သို့ရာတွင် ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိနိုင်ပါက လုပ်သင့်လုပ်ထိုက်သည့်အလုပ်များကို လုပ်ဆောင်ရန်အတွက် ULA/AAအနေဖြင့် အဆင်သင့်ရှိကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုသည်။

“ဒါပေမယ့် ကျနော်တို့သည် ပြည်သူလူထုအကျိုးမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ဖို့အတွက် ကျနော်တို့မှာအဆင်သင့်ရှိပါတယ်” \ဟုပြောသည်။

လက်ရှိရခိုင်တွင် အေအေနှင့်မြန်မာစစ်တပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေကာ မြန်မာစစ်တပ်အနေဖြင့်် ULA/AAနှင့် ဆက်စပ်သူများကို ရခိုင်ပြည်အနှံ့တွင် လိုက်လံရှာဖွေဖမ်းဆီးမှုများရှိပြီး အရပ်သားဒေသခံတချို့ကိုလည်း အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲမှုများပြုလုပ်နေကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...