ဝက်လက်တွင် စစ်ကောင်စီ မီးရှို့မှုကြောင့် အိမ် ၇ လုံး မီးလောင် ပျက်စီး

ဝက်လက်တွင် စစ်ကောင်စီ မီးရှို့မှုကြောင့် အိမ် ၇ လုံး မီးလောင် ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့ခြင်းကြောင့် အိမ် ၇ လုံး မီးလောင်ပျက်စီး သွား သည်ဟု ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာအတွင်း က နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ဖြစ်ပြီး လူ နေအိမ် ၄လုံး နှင့် နွားစာတိုက်အိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု  ဝက်လက်မြို့နယ် အရှေ့ခြမ်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ က တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ကျားကြီး က “ကျနော်တို့ မီးသွားငြိမ်းတော့ နွားကော မီးလောင်ပြီး သေနေတယ်။ ခိုင်းနွားနှစ်ကောင်၊ သူတို့က ရှို့ချင်တဲ့ အိမ်ကို ရှို့တာပါ၊ နေအိမ်တွေက ဆက်နေတော့ လောင်သွားတာ။ ရွာသားတွေလည်း ထွက်ပြေးနေရတော့ မီးငြိမ်းမယ့်သူ မရှိဘူးလေ” ဟု ပြော သည်။

ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာကို သြဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်လာပြီး မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ်အပါအဝင် အဆောက်အဦ ၇ လုံး မီးလောင် ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု မီးသွား ရောက်ငြိမ်းသတ်ခဲ့သည့် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တာဝန်ရှိသူ က ပြောသည်။

စစ်ကောင်စီတပ်က ဧရာဝတီ မြစ်ရိုးတလျောက်နှင့် ရေလည်မော်ကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ် များနှင့် ကျေးရွာထဲကို ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် ဒေသခံများလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်း ရှောင် နေကြသည် ဟု သိရသည်။

ထို့အပြင် ဩဂုတ်လ ၈ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ဧရာ၀တီမြစ် အရှေ့ဘက်ကမ်း ရွာသာကျေးရွာမှ ဝက် လက်မြို့နယ် အရှေ့ခြမ်း ရေလည်မော်ကျေးရွာထဲကို စက်လှေနှစ်စီး၊ အင်အား(၂၅)ယောက်နှင့် ဝင်ရောက်လာ သည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း ဝင်ရောက် မွှေနှောက်ရှာ ဖွေပြီး မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ မီးရှို့ခံထားရသည့် နေအိမ်နှင့် အဆောက်အဦများကို ရွာခံအချို့နှင့်အတူ ဝက်လက်မြို့နယ် အရှေ့ခြမ်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ က တပ်ရင်း ၁၅ (Tiger King)၊ တပ်ရင်း ၂၊ GZ Special Task Force - Wetlet အဖွဲ့၊ အခြားမဟာမိတ် တပ်ဖွဲ့များနှင့် နယ်မြေခံ ပကဖ အဖွဲ့များ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့ကြရသည်ဟု သိရသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...