မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထား ဖမ်းဆီး

မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထား ဖမ်းဆီး

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထား ဖမ်းဆီးလာပြီး ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကလေးသူငယ်တွေလည်း ပါဝင်နေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ မုန်းမြို့နယ် တပ်ကုန်းကျေးရွာနေ ကလေး ၃ ဦးအပါအဝင် ဒေသခံ ၈ ဦးကို ဖမ်းဆီးပြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးထဲမှာ ထားရှိပြီး နောက် ထွက်မပြေးဖို့နဲ့ ထွက်ပြေးရင် ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၈ ဦးဟာ သူတို့ကို ဖမ်းဆီးထားတဲ့ နေအိမ်အနီးမှာ သေနတ်ပစ်ခတ်သံတွေကြားရပြီးနောက် ကြောက်လန့်တဲ့အတွက် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က မုန်းမြို့နယ်အတွင်းရှိ မီးတိုင်တောကျေးရွာ၊ ကျောင်းစုကျေးရွာနဲ့ မုန်းဒေသမှာနေထိုင်တဲ့ ဒေသခံပြည်သူ(၂၅)ဦးကို ဖမ်းဆီးပြီးနောက် ဒေသခံတွေပိုင်ဆိုင်တဲ့ ငွေကျပ် သိန်း ၁၅၀ ကိုလည်း ယူဆောင်သွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့ ဖမ်းဆီးသွားတဲ့ ဒေသခံရွာသား ၂၅ ဦးကို ခမရ(၅၉၀)တပ်ရင်းကို ခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့အချိန်အထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။

လက်ရှိမှာတော့ ဒေသခံပြည်သူတွေဟာ မိမိတို့ရဲ့ဥယျာဉ်ခြံထွက်သီးနှံတွေ သွားရောက်ရောင်းချရာမှာလည်း လမ်းခရီးမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးမေးမြန်းမှု၊ ဖမ်းဆီးမှုစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လိန်ပင်ကျေးရွာက အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...