ဇူလိုင်လတွင် KNU နယ်မြေအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ ၃၀၀ ကျော် ထိခိုက်သေဆုံး

ဇူလိုင်လတွင် KNU နယ်မြေအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ ၃၀၀ ကျော် ထိခိုက်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေတွင် ဇူလိုင်လ တစ်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် စစ်ကောင်စီ၊ နယ်ခြား စောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း (၂၅၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးသူ ၃၀၀ ကျော်ရှိခဲ့ကြောင်း KNU က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇူလိုင်လ တစ်လအတွင်း ကေအဲန်ယူ တပ်မဟာနယ်မြေ (၇) ခုရှိသည့်အနက် တပ်မဟာနယ်မြေ (၆)ခုတွင် နယ်မြေအလိုက် တိုက်ပွဲဖြစ်ပွားမှုစာရင်းထုတ်ပြန်ချက်အရ နှစ်ဖက်တိုက်ပွဲပေါင်း(၂၅၉) ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ (၃၈၆)ဦး သေဆုံးခဲ့ပြီး (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ကေအဲန်ယူ ဘက်တွင်လည်း ၁၂ ဦးကျဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထားသည်။

တစ်လတာ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ကျေးရွာအတွင်း ပစ်မှတ်ထားပစ်ခတ်မှုများကြောင့် အပြစ်မဲ့ အရပ်သား ၁၉ ဦး ထိခိုက်သေဆုံးခဲ့ကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ၏ လစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ နယ်မြေအလိုက် တိုက်ပွဲဖြစ်ပွားမှုတွင် ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲကြီးငယ် အကြိမ်ရေ (၁၁၀) ကြိမ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉၅)ဦး ထိခိုက်သေဆုံးခဲ့ပြီး နယ်မြေအလိုက် တိုက်ပွဲဖြစ်ပွား မှုစာရင်းအရ တပ်မဟာ(၅) နယ်မြေတွင် အကြိမ်ရေ အများဆုံးနှင့် စစ်ကောင်စီ ထိခိုက်သေဆုံးမှု အမြင့်ဆုံး ဖြစ်သည်။

ထို့အတူ ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှုအရေအတွက် ဒုတိယအများဆုံး ဖြစ်ပြီး တပ်မဟာ (၄) နယ်မြေတွင်မူ တိုက်ပွဲအကြိမ်ပေါင်း (၁၄) ကြိမ်ဖြင့် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး ဒေသဖြစ်သည်ကို ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

နယ်မြေအတွင်း ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် လက်ရှိအချိန်တွင် ကေအဲန်ယူနယ်မြေထဲတွင် အိုးအိမ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေရသော အရပ်သားပြည်သူ သိန်းနှင့်ချီ ရှိနေပြီး ၎င်းတို့သည် လုံလောက် သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများမရရှိကြသေးကြောင်း စစ်ရှောင်ပြည်သူများအား အကူအညီပေးနေသည့်အဖွဲ့အစည်းများက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...