ရေးဘီလူးအဖွဲ့ ထုတ်ပြန်ချက်ကြောင့် ရေးမြို့ပေါ် ကျောင်းသားမိဘများ ၎င်းတို့ကလေးများကို ကျောင်းပေး မတက်

ရေးဘီလူးအဖွဲ့ ထုတ်ပြန်ချက်ကြောင့် ရေးမြို့ပေါ် ကျောင်းသားမိဘများ ၎င်းတို့ကလေးများကို ကျောင်းပေး မတက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်များကို ရှင်းလင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့မှ သတိပေးထုတ်ပြန်လိုက်ပြီးနောက် ရေးမြို့နေကျောင်းသားမိဘများသည် ၎င်းတို့၏ ကလေးများကို ကျောင်းပေးမတက်ခိုင်းတော့ဘဲ ကျောင်းများမှ ပြန်လည်ခေါ်ယူမှုများ ပြုလုပ်နေ ကြောင်း မြို့ခံတချို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ ထောက်တိုင်များနှင့် သက်ဆိုင်သော အရာမှန်သမျှကို အဓိကထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်နှင့် သတိပေးထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာ သော အန္တရာယ်များအပေါ် အာမမခံနိုင်ကြောင်းကို ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ရေးမြို့နယ်ရှိ‌ ကျောင်းသားမိဘများသည် ၎င်းတို့၏ ကလေးများကို ကျောင်းမတက် ခိုင်းတော့ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

၎င်းက “လဝကရုံးတွေ အပစ်ခံရတယ်ကြားကတည်းက ကြောက်နေရတာ။ အဲ့ဒါကြောင့်အိမ်က ကလေးကို ကျောင်း မပေးတက်တာ။ အခုလို စကစတွေရဲ့ထောက်တိုင်တွေကို လိုက်ပြီးတိုက်ဖျက်နေတာတော့ကောင်း ပါတယ်။ တစ်ခုတော့ရှိတာပေါ့နော် စာသင်ကျောင်းတွေကိုပစ်မှတ်ထားပြီး လုပ်ဆောင်တော့ရော ဘယ်လို အရာများအကျိုးထူးသွားလဲ။ စာသင်ကျောင်းအစား အခြားစကစတွေနဲ့ ပတ်သက်တဲ့အရာတွေ အများ ကြီးရှိတယ်။ အဲဒါတွေကိုအဓိကထားပြီးလုပ်စေချင်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်သတိပေးထားမှုနှင့်ပတ်သက်ပြီး ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက် သွားရာတွင် မြို့ပေါ် ကျောင်းများနှင့် Non CDM ဝန်ထမ်းများကိုသာ အဓိကထားပစ်မှတ်ထားတိုက်ခိုက် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလို ပြောသည်။

၎င်းက “ကျနော်တို့အနေနဲ့ကတော့ မြို့ပေါ်မှာဖွင့်ထားတဲ့ကျောင်းကြီးတွေကိုပဲ အဓိကထားပြီး လုပ်ဆောင် သွားမှာပါ။ ကိုယ်ထူကိုယ်ထ ကျောင်းတွေတော့ မပါပါဘူး။ အခုလိုလုပ်ဆောင်ရတာကလည်း တောထဲမှာ ရောက်နေတဲ့ CDM ဆရာမတွေကို အားမနာဘဲ မြို့ပေါ်မှာစစ်ကောင်စီအားပေးလုပ်နေတဲ့ Non CDM ကျောင်းဆရာမတွေ ထိုက်သင့်တဲ့အပြစ်မျိုးတော့ပေးရမှာပါ” ဟု ပြောသည်။

ရေးဘီလူး အဖွဲ့သည် စစ်ကောင်စီနှင့်ပက်သက်သောထောက်တိုင်များကို ဆက်တိုက်ဆိုသလိုဖိအားပေး ဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ပြီး ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက်နေ့ကလည်း စစ်ကောင်စီထောက်တိုင် တစ်ခုဖြစ်သည့် လဝက ရုံးတစ်ခုကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်းကြောင့် ၎င်းနေရာမှာတင် နှစ်ဉီးသေဆုံးပြီး သုံးဦးကျည်ထိမှန်ခဲ့သည်ဟု သိရသည်။

အလားတူ ရေးမြို့ရှိ ရေးဘီလူးအဖွဲ့ခေါင်းဆောင်၏ နေအိမ်ကို စစ်ကောင်စီမှ ယခုလ ဩဂုတ်လ ၆ ရက်နေ့က ချိတ်ပိတ်လိုက်ပြီး လဝကရုံး တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကာ ယနေ့ အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြသေးကြောင်း သိရသည်။

Most read this week

April 11, 2024
မောင်ကျော်စွာ — ဒီနှစ်ရက် သုံးရက်အတွင်း မြဝတီမြို့နဲ့ပတ်သက်တဲ့သတင်းတွေက...
April 11, 2024
မြဝတီမြို့နှင့်အနီးတဝိုက်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ...
April 11, 2024
စစ်ကောင်စီ၏ နေပြည်တော်အေလာလေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄...
April 11, 2024
မြဝတီမြို့ပြင် အာရှလမ်းမနေရာရှိ ခြေလျင်တပ်ရင်း-ခလရ ၂၇၅ မြို့စောင့် တပ်ရင်းမှ...