မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် စနဲဒေသခံ ကိုတင်မျိုးထွန်းကို ၅၀၅(က)ဖြင့်အမှုဖွင့်

မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် စနဲဒေသခံ ကိုတင်မျိုးထွန်းကို ၅၀၅(က)ဖြင့်အမှုဖွင့်

မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် ရခိုင်ပြည်နယ်၊ စနဲမြို့၊ စံပယ်ချောင်းကျေးရွာမှ ကိုတင်မျိုးထွန်း(၂၄ နှစ်)ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များကပြောသည်။

၎င်းကို လာမည့်အပတ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် အကြောင်းကြားလာသည်ဟု မိသားစုင်များကဆိုသည်။

"ကျမယောင်္ကျားကို ကျောက်ဖြူထောင်မှာထားတယ်လို့ သိထားရတယ်။ သူနဲ့တော့ တွေ့ခွင့်မရသေးဘူး"ဟု ကိုတင်မျိုးထွန်း၏ ဇနီး မအေးသိန်းကပြောသည်။

ကိုတင်မျိုးထွန်းကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ပြီးခဲ့သည့်ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်က နေအိမ်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးစဉ် မိသားစုဝင်များရှေ့တွင်ပင် ကိုတင်မျိုးထွန်းကို ရိုက်နှက်ခြင်းများရှိခဲ့သည်ဟုလည်း ဆိုသည်။ သို့သော် လက်ရှိအခြေအနေတွင် လူချင်းမတွေ့ရ၍ မည်သို့ဖြစ်နေမည်ကိုမသိနိုင်ဘဲ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ထိုသို့ဖမ်းဆီးခံရသူ ကိုတင်မျိုးထွန်းမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပြီး မြန်မာစစ်တပ်ကစွပ်စွဲသလို အေအေနှင့်ပတ်သက်မှုမရှိကြောင်းလည်း ကိုတင်မျိုးထွန်း၏ မိခင် ဒေါ်မကျော်ညွန့်ကဆိုသည်။

"သူက ဘယ်အေအေနဲ့မှလည်း မဆက်စပ်ဘူး။ ရိုးရိုးသားသား လယ်ယာလုပ်ကိုင်သူဖြစ်တယ်။ အခုသူ့မှာက ဦးနှောက်အမှဲပြားရောင်ရောဂါရှိတော့ ကျန်းမာရေးအတွက်ကို စိုးရိမ်တယ်။ အေအေနဲ့ ဆက်စပ်တယ်လို့ပြောတာက မတရားစွပ်စွဲတာဖြစ်တယ်"ဟု ဒေါ်မကျော်ညွန့်ကပြောသည်။

လက်ရှိတွင် ၅၀၅(က)ဖြင့်အမှုရင်ဆိုင်ရန် ရှေ့နေငှားရမ်းခ မတတ်နိုင်သည့်အတွက် အမှုရင်ဆိုင်ရန် အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က စနဲမြို့စခန်းမှူးကို AA က ဖမ်းဆီးခဲ့သည်။ ထိုဖြစ်စဉ်ဖြစ်ပြီးနောက် မြန်မာစစ်တပ်ကလည်း အမျိုးသမီးများအပါအဝင် စနဲဒေသခံ ၁၃ ဦးကို သံသယဖြင့်ဖမ်းဆီးခဲ့သည်။

စနဲဒေသခံများကို AA နှင့်ဆက်စပ်မှုရှိ၊မရှိ စစ်ဆေးပြီး ၁၂ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း ကိုတင်မျိုးထွန်းကို ဆက်လက်ဖမ်းဆီးထားကာ ၅၀၅(က)ဖြင့် အမှုဖွင့်လာခြင်းဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...