စစ်ကောင်စီကြောင့် ပြည်သူလူထု ဘဝလုံခြုံရေးနဲ့ စားဝတ်နေရေးအခက်အခဲ ကြီးထွားလာနေ တယ်လို့ NUG ဆို

စစ်ကောင်စီကြောင့် ပြည်သူလူထု ဘဝလုံခြုံရေးနဲ့ စားဝတ်နေရေးအခက်အခဲ ကြီးထွားလာနေ တယ်လို့ NUG ဆို

အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပြည်သူလူထုရဲ့ နေ့စဉ်စားဝတ်နေရေး ပြဿနာ အခက်အခဲနဲ့ ကြုံတွေ့နေရကာ မြို့ပေါ်တွေမှာလည်း ရာဇဝတ်မှုတွေ နေ့စဉ်လိုလို ဖြစ်ပွား နေတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့ပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (၆၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ က အခုလိုပြောဆိုခဲ့တာပါ။

“စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အထွေထွေ ယိုယွင်းမှုတွေဆက်တိုက် ကြုံလာတာကို တွေ့နေရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် လူထု ဟာ ဘဝလုံခြုံရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေအလွန်အမင်ကြီးထွားလာနေပါတယ်” လို့ အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်ရေးအကျပ်အတည်းနဲ့ ဘဏ္ဍာငွေအကျပ်အတည်းကြီးမားစွာ ကြုံတွေ့နေရပြီး ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှာ စစ်ကောင်စီအတွက် ဘဏ္ဍာရေးအကျပ်အတည်း ပိုမို ကြီးထွားလာတာဖြစ်တယ်လို့ ပြောပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင်စနစ်ဖြိုဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ကဏ္ဍကိုယ်စီကနေ အားသွန်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံတူညီတဲ့ ပန်းတိုင်တစ်ခုတည်းကို မျက်ခြေပြတ်လို့ မရပဲ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးဖြစ်တယ်လို့ ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...