နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ မှ ဖမ်းဆီးထား

နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ မှ ဖမ်းဆီးထား
နန့်စီးအောင် စစ်ဆေးရေးဂိတ် Photo – Crd
နန့်စီးအောင် စစ်ဆေးရေးဂိတ် Photo – Crd

ကချင်ပြည်နယ် အဝင်ပေါက် နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် ဗန်းမောက်ဘက်မှ တက်လာသည့် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးနေသည်ဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ဗန်းမောက်မှ မြစ်ကြီးနားဘက်သို့တက်လာသည့် အသက် ၂၀ ကျော်အရွယ် ရှမ်းနီလူငယ်တစ်ဦးနှင့် ကတူး လူငယ်တစ်ဦးတို့ကို နန့်စီးအောင် စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီ ရဲနဲ့ စစ်သားများ မှ PDF ဟု စွပ်စွဲကာ ဖမ်းဆီးထား ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောသည်။

“မနက် ၁၁ နာရီလောက်မှာ ဖမ်းခံလိုက်ရတာ သူတိူ့စစ်ဆေးပြီးမှ မသက်ာ လို့နေမှာ ဖမ်းထားတာ အခုအဲ့ဒီဂိတ်က ကင်းစခန်းတဲထဲမှာ ဆရဖ တွေ ၊ ရဲတွေက စစ်သားတွေက ရိုက်ပြီးမှစစ်မေးနေတယ်တဲ့ ဆိုင်ကယ်နှစ်စီးနဲ့တက်လာတာ သူတို့မှာဘာပစ္စည်းမှ ဘာလက်နက်မှမပါဘူး အဲ့တာကို PDF ဆိုပြီးဖမ်းသွားတယ်။ မနက်ကနေ ဖမ်းတာခုထိ ရိုက်နှက်နေတုန်းတဲ့”ဟုပြောဆိုသည်။

လူငယ်နှစ်ဦး၏ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်ကိုလည်း စစ်ကောင်စီက သိမ်းဆည်းထားပြီး မည်သည့်အချက်ကြောင့် PDF ဟု စွပ်စွဲဖမ်းဆီးထားသည်ကိုမသိရသေးကြောင်းနှင့် ယင်းလူငယ်နှစ်ဦး၏ အမည်ကိုလည်း စုံစမ်းအတည်ပြုနေဆဲ ဖြစ်ကြောင်း အင်းတော် PDF မှ သိရသည်။

အလားတူ နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် စစ်ကိုင်းတိုင်းမှဘက်မှလာသည့် နိုင်ငံသား စိစစ်ရေးကဒ် ၅/ ကိုင်ဆောင်ထားပါက တင်းကြပ်စွာ စစ်ဆေးလျက်ရှိပြီး မသင်္ကာပါက ယခုကဲ့သို့ ဖမ်းဆီးမေးမြန်းမှုများ ရှိကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...