မုံးကိုး စစ်ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာကူညီမှု လိုအပ်နေဆဲ

မုံးကိုး စစ်ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာကူညီမှု လိုအပ်နေဆဲ

ရှမ်းမြောက် မုံးကိုးမြို့ရှိ စစ်ရှောင်ပြည်သူများသည် စစ်ရှောင်ကာလ ၁နှစ်ခန့် ကြာလာချိန် နေရာထိုင်ခင်း ခက်ခဲမှု နှင့် အစားအသောက်ခက်ခဲမှု စသည့်ပြဿနာများဖြင့် ကြုံတွေ့နေရသဖြင့် ကူညီဖြေရှင်းပေးစေလိုသည်ဟု ဆိုသည်။

မုံးကိုးမြို့ရှိ စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်နှင့် လူဦးရေ ၈၀၀ ကျော်သည် ယခုချိန်ထိ မိမိရပ်ရွာများသို့ နေရပ်မပြန်နိုင်သောကြောင့် အချိန်ကာလကြာလာသည်နှင့်အမျှ အစားအသောက်လည်း ပိုမိုခက်ခဲလာကြောင်း မုံးကိုး KBC စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“စစ်ရှောင်တွေက ကိုယ့်ရပ်ရွာကို ပြန်လို့ မရသေးဘူး။ ရွာမှာလည်း လက်နက်ကိုင်များနှင့် စစ်သားတွေက စစ်ရေးလှုပ်ရှားနေတုန်းပဲ ဆိုတော့။ ဒီမှာစုပြုံပြီး နေနေတာ အချိန်ကာလလည်း ၁ နှစ်လောက်ရှိပြီ။ အစားအသောက်ပို ခက်ခဲလာတယ်။ လူများတာကြောင့် အစားအသောက် ဖူလှုံမှု မရှိဘူး။” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကိုးကန့် MNDAA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်မှုကြောင့် ဖောင်းဆိုင်ဒေသ ကျေးရွာများမှ ဒေသခံများသည် မုံးကိုးမြို့သို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ထွက်ပြေးခဲ့စဉ် ကတည်းက ယနေ့ထိ နေရာထိုင်ခင်း ခက်ခဲမှုကြောင့် စစ်ရှောင်အားလုံး စုပြုံနေထိုင်ပြီး ဖြတ်ကျော်ခဲ့သည်မှာ ယခုလတွင် ၁ နှစ်ပြည့်ပြီ ဖြစ်သည်။

အချိန်ကာလ ကြာလာသည်နှင့်အမျှ နေရာထိုင်ခင်း ခက်ခဲသည်ထက် စစ်ရှောင်များ၏ အစားအသောက် ပိုမိုခက်ခဲလာသောကြောင့် ကူညီထောက်ပံ့မှု လိုအပ်နေသည်ဟု ၎င်းကပြောသည်။

“ဒီမှာက နေရာခက်ခဲတာကြောင့် အိမ်ထောင် တစ်ခုပြီးတစ်ခုလည်း သီးသန့်မနေရဘူး။ သီးသန့်မချက်စားနိုင်ဘူး။ တစ်နှစ်သာပြည့်ပြီ အားလုံးက ဟောခန်းကြီးမှာ စုပြုံပြီး နေနေရဆဲပဲ။ အိမ်ထောင်တစ်ခုပြီးတစ်ခုကို သီးသန့်အခန်းမတည်ဆောက်ပေးနိုင်တာက အခက်အခဲတစ်ခုဖြစ်နေတယ်။ ခုချိန်ထိလည်း ထမင်းအိုးကို တစ်လှည့်စီပေါင်းပြီး ချက်စားနေရတုန်း။ တစ်ခုခက်တာက ကူညီတဲ့သူတချို့က မြန်မာကျပ်နှင့်ကူညီလိုက်ပေမဲ့ ဒီကသုံးတာ တရုတ်ငွေနှင့်သုံးတော့ ပိုခက်ခဲသွားတာပေါ့။ နယ်စပ် ဂျောင်ဘက်ကျတဲ့ နေရာမှာရှိတော့ လမ်းခရီးလည်းဝေး မီဒီယာနှင့်လည်းဝေးလို့ အခက်အခဲကို အများခံစား မသိရှိနိုင်ဘူးပေါ့။” ဟု ပြောသည်။

ယခုချိန် ထိုစစ်ရှောင်များအတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှု နှင့် အစားအသောက်ကူညီမှု အဓိက လိုအပ်နေကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...