ပလက်ဝတွင် ကျောင်းကြို/ပို့စက်လှေကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ကြောင်း AA ပြော

ပလက်ဝတွင် ကျောင်းကြို/ပို့စက်လှေကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ကြောင်း AA ပြော
Photo - AA
Photo - AA

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း ကျောင်းကြို/ပို့လုပ်နေသည့် စက်လှေတစ်စီးကို မြန်မာစစ်တပ်က စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား(၂)ဦးသေဆုံးပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ)ကျေးရွာမှ ကျောင်းတက်၍ပြန်လာသော ကျောင်းကြို/ပို့စက်လှေကို နှမဒါကျေးရွာ စေတီကုန်းတွင် တပ်စွဲနေရာယူထားသည့် မြန်မာစစ်တပ်မှ ယမန်နေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု AA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲမဝ(ရီးမဝ)ကျေးရွာမှ ကျောင်းသားနှစ်ဦးဖြစ်သည့် မောင်နေမင်းထွန်း(၁၂ နှစ်)နှင့် မောင်အောင်သန်းမြင့်(၁၂ နှစ်)တို့မှာ သေဆုံးခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ကျောင်းသူ/ကျောင်းသားအချို့နှင့် ကျောင်းစောင့်ဖြစ်သူ ဦးဗဒူ(၅၆ နှစ်)တို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ပလက်ဝဒေသခံများကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့သည်ဆိုသည့် AA ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ တုန့်ပြန်ချက်ကိုရရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ထို့ပြင် ပလက်ဝမြို့နယ်တွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနှင့် လှုမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြသည့် ခရီးသွားပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချတပ်စွဲထားသော မြန်မာစစ်တပ်မှ အတင်းအဓမ္မ ပစ္စည်းတောင်းခံခြင်းတို့ကို ပြုလုပ်လျက်ရှိသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေရသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ စစ်ရေးတင်းမာမှုရှိနေသည့်နယ်မြေတစ်ခုဖြစ်ပြီး ယခုရက်ပိုင်းအတွင်း (၃)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း ဒေသခံများကပြောသည်။

ယမန် နေ့နံနက်ပိုင်းကလည်း ပလက်ဝမြို့အရှေ့ဘက်ကမ်း တကာချောင်းရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “မနက် ၇ နာရီခွဲကနေစပြီး တိုက်ပွဲဖြစ်နေကြတာပါ။ ၁၁ နာရီလောက်ကစပြီး တန့်သွားတာပါ။ ပစ်နေတာ ၉ နာရီအချိန်ထိဆိုရင် လက်နက်ကြီး ၁၀ ကျော်လောက်ပစ်ခဲ့တယ်။ လက်နက်ငယ်တွေရောပစ်တယ်”ဟု ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး မြေပြင်တွင်လည်း စစ်တပ်က အင်အားဖြည့်တင်းနေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...