ဆိပ်မူ KBZ ဘဏ်ရှေ့တွင် ရဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဆိပ်မူ KBZ ဘဏ်ရှေ့တွင် ရဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုတွင်ရှိသော  KBZ ဘဏ်ရှေ့တွင် ယနေ့ နံနက်ပိုင်း ရဲမှူး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီခွဲအချိန် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ၏ KBZ ဘဏ်ခွဲ (၂) ရှေ့တွင် ရဲတပ်ရင်း ၃၀ မှ ရဲမှူး ကိုကိုလွင်ဆိုသူ သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်သတ်ခံလိုက်ရကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦး က KNG ကို ပြောသည်။

“မနက်က အဲ့သတင်းကြားတော့ချက်ချင်းပဲ အဲ့နေရာကိုခြေနေသွားကြည့်တာ အလောင်းက မတွေ့လိုက်ရတော့ဘူး။ လိုင်ခရုဆာကား အဖြူရောင်နဲ့ သယ်သွားတယ်တဲ့။ သူ့အလောင်းကို အဲ့ဘဏ်ရှေ့မှာပဲ ပစ်သတ်သွားတာ။ ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှ မသိလိုက်ရဘူး။ ပစ်သွားတဲ့လူက”ဟု ဖြစ်စဥ်နေရာကို သွားရောက်ခဲ့သည့် ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။

ပစ်သတ်ခံလိုက်ရသည့် ရဲမှူးကိုကိုလွင်သည် ပြီးခဲ့သည့် ဇူလိုင်လ ဆိုင်းတောင်သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ပြည်သူ ၈ ဦးဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကထပ်မံပြောဆိုထားသည်။

“ခုပစ်သတ်ခံလိုက်ရတဲ့ဟာက သုံးပွင့် ရဲမှူးတဲ့။ သူကအရင် သပိတ်စစ်ကြောင်းကနေပြန်လာတဲ့ ကိုသိန်းထွန်းနဲ့ အမျိူးသမီးတွေဖမ်းခံရတဲ့ဖြစ်စဥ်မှာသူပါတယ်တဲ့။ အဲ့ကြောင့်အဲ့ဖြစ်စဉ်ကိုမကျေနပ်လို့ ပစ်သွားတာ”ဟု ပြောသည်။

ရဲမှူးကိုကိုလွင်သည် အသားညိုညို အရပ်မြင့်မြင့်ပုံစံဖြစ်ပြီ လက်ရှိသူ့ကို မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို မသိရသေးပါ။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့်အုပ်ချုပ်ရေးမှူး ဒလန် ၊ စစ်ကောင်စီ သတင်းပေးများ သတ်ခံရမှုမှာ လက်ရှိအချိန်ထိ ၂၀ ဦး ကျော်ရှိနေပြီး ရဲ အရာရှိအသတ်ခံရမှုမှာ ယခုပထမအကြိမ်ဖြစ်သည်။

မြစ်ကြီးနား ဆန္ဒပြပွဲတွင် မြင်တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...