အင်ဂျန့်မြို့တွင် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးမရှိသဖြင့် ခက်ခဲမှုဖြစ်ပွားနေ

အင်ဂျန့်မြို့တွင် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးမရှိသဖြင့် ခက်ခဲမှုဖြစ်ပွားနေ

အင်ဂျန့်ယန် (Njangyang) မြို့တွင် ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဝန်ထမ်းများမရှိတော့သဖြင့် လက်ရှိ ဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မည်သည့်အစိုးရမှ လက်လမ်းမမှီသည့် အင်ဂျန်ယန်မြို့နယ်တွင်းက ဒေသခံများသည် လက်ရှိချိန် ရာသီ တုတ်ကွေး ဖျားနာမှုများ ရှိနေသော်လည်း ကုသဖို့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမည့်သူများ မရှိသောကြောင့် အကူအညီလိုအပ်နေသည်ဟု ဒေသခံများထံ မှ သိရသည်။

“အခုက တုတ်ကွေးပဲ မဟုတ်ပဲ အခြားလည်း အရမ်းခက်ခဲနေတဲ့အနေအထားရှိတယ်။ ဘာကြောင့်ဆို အင်ဂျန့်ယန်မြို့တွင်းမှာကိုက ကျန်းမာရေးဝန်ထမ်းတွေ မရှိဘူး။ ဆေးရုံတော့ရှိတယ်။ ဒါပေမဲ့ ဆေးနဲ့ ကုသပေးမဲ့ ဆရာ၊ ဆရာမ မရှိဘူး။ အဲ့လိုဖြစ်နေတယ်။ ဆေးဝါးလည်း မရောက်တော့ ဆေးဝါးအသုံးပြုနိုင်ဖို့ ခက်တယ်။” ဟု အင်ဂျန်ယန်မြို့နှင့် အသွားအလာရှိသူ ဒေသခံတစ်ဦးက ပြောသည်။

အင်ဂျန်ယန်မြို့နယ်တွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်း မရှိသောကြောင့် ဒေသခံများဖြင့် တိုက်ရိုက်ဆက်သွယ်ရန် ခက်ခဲသဖြင့် အင်ဂျန့်ယန်သို့ သွားလာသူတစ်ဦး မှ ပြောဆိုခြင်း ဖြစ်သည်။

အင်ဂျန်းယန်မြို့နယ် ဘွမ်ရာယန် အထက်ပိုင်းဒေသများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရမှ လက်လှမ်း မှီသော်လည်း အင်ဂျန်းယန်မြို့ တစ်ဝိုက်တွင် အာဏာမသိမ်းမှီအချိန်ထိ အစိုးရ ဆေးဝါးဝန်ထမ်းတချို့ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း မရှိတော့ကြောင်း သူက ဆိုသည်။

ခက်ခဲမှု အဓိကဖြစ်ပွားနေသော နေရာများမှာ အင်ဂျန်ယန်မြို့၊ အင်ဂဲန့်ကောင့် နှင့် အင်လော့ဒ်ယန် ကျေးရွာတို့တွင် ဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၎င်းဒေသသို့ ကျန်းမာရေးဆိုင်ရာကူညီမှုများ မရောက်ရှိနိုင်တော့သလို ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင်လည်း စစ်တပ်၏ စစ်ဆေးမှု အလွန်တင်းကြပ်သည်ဟု ဆိုသည်။

“အင်ဂျန်းယန်ဒေသက အစိုးရအောက်နယ်မြေလို့သာပြောတာ တကယ်တော့ သူတို့ဘက်ကလည်း အုပ်ချူပ်ရေးယန္တရား လည်ပတ်စီးဆင်းနိုင်မှု မရှိဘူး။ သူတို့ကိုက အဲ့ဘက်ကို သွားဖို့တောင်ကြောက်တယ်။ လူဝင်မှုကြီးကြပ်ရေးဘက်က တချို့နဲ့ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောဖူးသေးတယ်။ ရီး....မသွားရဲဘူး ဆိုပြီး ပြောတယ်။ ဒီလိုအခြေအနေကြောင့် အဲ့ဒေသမှာရှိတဲ့ ပြည်သူများအတွက် ကူညီထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အရမ်းလိုအပ်နေတယ်။” ဟု အင်ဂျန်ယန်ဒေသခံ တစ်ဦးကပြောသည်။

အင်ဂျန်းယန်မြို့နယ်သည် မြစ်ဆုံအထက် တြိဂံနယ်မြေဟု ခေါ်ဝေါ်သည့် ဒေသဖြစ်ပြီး ၎င်းနယ်မြေရှိ ဒေသခံအများစုသည် အစိုးရလက်လှမ်းမမှီနိုင်သည့် ဒေသဖြစ်ရုံမျှမက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့်ကဏ္ဍများတွင် ခက်ခဲမှုများဖြင့် ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...