စစ်ကောင်စီအတွက် လောင်းကစားဝိုင်းများမှ ဆက်ကြေးကောက်ပေးသူ ပစ်ခံရ

စစ်ကောင်စီအတွက် လောင်းကစားဝိုင်းများမှ ဆက်ကြေးကောက်ပေးသူ ပစ်ခံရ

စစ်ကောင်စီအတွက် လောင်းကစားဝိုင်းများတွင် လှည့်လည်ကာ ဆက်ကြေးကောက်ခံပေးသူ တစ်ဦး ပစ်ခတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီအတွက် ဆက်ကြေးကောက်ခံပေးနေသူ ဓနုဖြူမြို့နယ်မှ ဦးကျော်နိုင် ဆိုသူအား ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီ အချိန်တွင် ပစ်ခတ်ခဲ့သည်ဟု ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“မလုံးတံတားနားမှာ အပစ်ခံရတာ။ ဆိုင်ကယ်ချင်း ယှဉ်ပြီး အနီးကပ်ပစ်သွားတာ။ အနားကပ် ပစ်သတ် သွား တာဗျ။ သေနတ်သံက အကျယ်ကြီးမဟုတ်ဘူး။ ဆိုင်ကယ်လှဲသွားတယ်လို့ပဲ ထင်နေကြတာ” ဟု မျက်မြင်တွေ့ ရှိသူ တစ်ဦးကပြောသည်။

အိုင်အင်းကျေးရွာသား ဦးကျော်နိုင်အား ဟင်္သာတမြို့နယ်နှင့် ကျုံပျော်မြို့နယ် အစပ်ရှိ ရှားခဲကျေးရွာအနီး မလုံး တံတားအနီးတွင် ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေး တတိယမစ်ရှင် အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ် သည်ဟု သြဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သေနတ်ဖြင့် အပစ်ခံရသူ ဦးကျော်နိုင်အား ဟင်္သာတ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး အရေးပေါ် ဆေးကု သမှုခံယူနေရသည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လည်ပင်းတွင်ရရှိထားသည့် ဒဏ်ရာမှာ ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေအနေဖြစ်သည်ဟု ဟင်္သာတ ပြည်သူ့ဆေးရုံက ဆေးရုံဝန်ထမ်းတစ်ဦးကဆိုသည်။

သေနတ်ပစ်ခံရသူ ဦးကျော်နိုင်၏ သားကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟု သိရသည်။

ဦးကျော်နိုင်သည် ကျုံပျော်ဘက်ရှိ လောင်းကစားဝိုင်းများမှ ဆက်ကြေးကောက်ပြီး ပြန်လာစဉ် အပစ်ခံရခြင်း ဖြစ်နိုင်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

အခင်းဖြစ်ပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများရောက်ရှိလာကာ ဟင်္သာတ၊ ကျုံပျော်၊ ဓနုဖြူမြို့များသို့ ဆက်သွယ်ထားသည့် ကားလမ်းများကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှူများ လုပ်ဆောင်ခဲ့သည်ဟု  ဒေသအချို့က ပြောသည်။

“ကျုံပျော် စစ်တပ်ရောက်လာပြီး မြို့ထဲက လမ်းကြိုလမ်းကြားတွေပါ ပိတ်ဆို့စစ်ဆေးနေတာ။ ယူနီဖောင်းနဲ့ရော အရပ်ဝတ်တွေနဲ့ရောပဲ ကားလမ်းမကြီးပေါ်မှာလဲစစ်နေတယ်” ဟု မြို့ခံတစ်ဦး က ပြောသည်။

ဧရာဝတီတိုင်းတွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပထမဆုံးမစ်ရှင်ကို ဒေးဒရဲမြို့ တံတားအဆင်း စစ်ဆေး ရေးဂိတ်အား ဇူလိုင်လ ၂၆ ရက်နေ့ ညက ဗုံးခွဲတိုက်ခိုက်ခဲ့ကာ၊ ဒုတိယမစ်ရှင် အဖြစ် Black Dragon Commando အဖွဲ့မှ ဖျာပုံမြို့ စစ်ဆေးရေးဂိတ်နှင့် ရွှေရတုရိပ်သာအနီးတို့တွင် ဇူလိုင်လ ၂၈ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု PDF အဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...