ပြည်တွင်းဆူပူမှုများကို ကိုင်တွယ်ဖြေရှင်းနေရ၍ အာဆီယံသဘောတူညီချက်ကို မဖော်ဆောင်နိုင်ခဲ့ခြင်းဟု စစ်ကောင်စီဥက္ကဌပြော

ပြည်တွင်းဆူပူမှုများကို ကိုင်တွယ်ဖြေရှင်းနေရ၍ အာဆီယံသဘောတူညီချက်ကို မဖော်ဆောင်နိုင်ခဲ့ခြင်းဟု စစ်ကောင်စီဥက္ကဌပြော

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်ဆောင်နိုင်ခဲ့ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံပြောဆိုထားသည်။

သြဂုတ်လ ၁ ရက် နေ့ အာဏာသိမ်းမှု (၁၈)လပြည့်နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းမှာ ပြင်းထန်စွာခံစားခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ရောဂါကျော်လွှားဖို့ အပြင်းအထန်လုံးပန်းနေရသလို ပြည်တွင်းဆူပူ ဆန္ဒပြအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေရတဲ့အတွက် နိုင်ငံတည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အခက်အခဲရှိခဲ့ပါတယ်”ဟု စစ်ကောင်စီဥက္ကဋ္ဌကပြောသည်။

ယခုနှစ်တွင် နိုင်ငံရေးအခြေအနေ တိုးတက်လာပြီဖြစ်သည့်အတွက် ဘုံသဘောတူညီချက်(၅)ရပ်ထဲမှ ဦးစားပေးဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအပါအဝင် အချုပ်အခြာအာဏာကိုထိပါးမည့် ကိစ္စများမဖြစ်အောင် ဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

ယင်းအပြင် နိုင်ငံရေး ပုံမှန်အခြေအနေဖြစ်လာသည်နှင့်အမျှ တိုးတက်ဆောင်ရွက်မှုများလည်း ရှိလာမည်ဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီအနေဖြင့် အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည်မဖော်ဆောင်နိုင်ခဲ့ဟု ပြောဆိုခြင်းမှာ အကြောင်းပြချက်သာဖြစ်သည်ဟု ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။

“ဟိုကိစ္စ၊ သည်ကိစ္စ အကြောင်းပြနေပေမယ့် အမှန်တကယ်တော့ တွေ့ဆုံဆွေးနွေးတဲ့လမ်းကြောင်းက အပြုသဘောဆောင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်။ ကပ်ရောဂါကြောင့် ဘာကြောင့်ဆိုတာနဲ့ မသက်ဆိုင်ဘူးလို့ထင်တယ်။ အဲဒါတွေကို (အာဆီယံသဘောတူညီ)လုပ်မယ့်ဟာနဲ့ ကိုဗစ်နဲ့အတားအဆီးရှိတယ်ဆိုတဲ့ ဆင်ခြေပေးတာက တည့်မတ်မှုမရှိလို့ဘူးမြင်တယ်။ အဓိပ္ပာယ်ရှိတဲ့ ဆင်ခြေမျိုးမဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေးကို မလုပ်ချင်တာကြောင့် အချိန်ဆွဲနေတာပဲဖြစ်တယ်”ဟု ဦးဖေသန်းကပြောသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးအခြေအနေများကိုဖြေရှင်းရန် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ချတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...