KNLA ကို ကော်သူးလေ တပ်မတော်ထဲ သွင်းဖို့ အစီအစဉ်ချထားတယ်ဆိုတဲ့ သတင်းမှားဖြန့်

KNLA ကို ကော်သူးလေ တပ်မတော်ထဲ သွင်းဖို့ အစီအစဉ်ချထားတယ်ဆိုတဲ့ သတင်းမှားဖြန့်

KNLA ကို ကော်သူးလေ Army ထဲကို သွတ်သွင်းဖို့အတွက် KNU ဗဟို အဖွဲ့ဝင်တွေကို စည်းရုံးထားပြီ ဖြစ်တဲ့ အ ပြင် KNLA ဒု-စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ လက်မခံပါက ရှင်းလင်းသွားမည်ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် နယ်ဒါးမြက ပြောတယ်ဆိုပြီး ရေးသားထားတဲ့ သတင်းပို့စ်တစ်ခုကို ယိမ်း နွဲ့ ပါး ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဇူလိုင်လ ၂၄ ရက်နေ့က ရေးတင်ထားပါတယ်။

ဗိုလ်မှူးချုပ် နယ်ဒါးမြက Bangkok Post သတင်းဌာနနဲ့ ရုပ်သံအင်တာဗျူးမှာ ပြောဆိုသွားတယ်ဆိုပြီး ယိမ်း နွဲ့ ပါး ဆိုသူ က ရေးသားထားတာကို တွေ့ရပါတယ်။

ယိမ်း နွဲ့ ပါး ဆိုသူက “ကော်သူလေး ARMY တည်ထောင်ခြင်းအတွက် ထိုင်းရုပ်သံတစ်ခုနဲ့ Interview အစီ အစဉ် မှာ နယ်ဒါးမြက ဒီအချိန်မှာ အဖေဖြစ်သူ ဗိုလ်မြရဲ့ အမွေတွေကို ဆက်ခံနိုင်ဖို တည်ထောင်ရခြင်းဖြစ်ကြောင်း၊ KNU/ KNLA ရဲ့ လက်ရှိဆောင်ရွက်နေမှုတွေကို မကြိုက်ကြောင်း၊ KNLA ကိုလည်း ကော်သူလေး ARMY ရဲ့ လက် အောက်ကို သွတ်သွင်းသွားမှာဖြစ်ကြောင်း၊ လက်ရှိမှာလဲ KNU ဗဟိုအဖွဲဝင်တွေကို စည်းရုံး ထားပြီးပြီ ဖြစ် ကြောင်း၊ ဘော်ကျော်ဟဲနဲ့ အဖွဲ့ကိုလည်း လက်မခံပါက ပြတ်ပြတ်သားသား ရှင်းလင်းသွားမည်ဟု ပြောကြား ခဲ့ကြောင်း သိရှိရပါတယ်” ဆိုပြီး ( မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။

ယိမ်း နွဲ့ ပါး ဆိုသူရဲ့ ဒီရေးသားမှုက သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Kawthoolei Army ဦးဆောင်ဖွဲ့စည်းသူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ပြောဆိုထားတာ မရှိတဲ့ စကားတွေကို ပြောဆိုထား သယောင် လုပ်ကြံဖန်တီး ရေးသားထားလို့ပဲဖြစ်ပါတယ်။

Bangkok Post သတင်းဌာနနဲ့ ရုပ်သံအင်တာဗျူး တစ်ခုမှာ ပြောဆိုထားတယ်လို့ ရေးသားထားပေမယ့် အဲဒီ ပြော ဆိုမှုကို Bangkok Post မှာ မတွေ့ရပါဘူး။

Bangkok Post သတင်းဌာနရဲ့ ရုပ်သံတွေကို ဒီမှာ https://bit.ly/3b8WrWW ဝင်ကြည့်လို့ရပါတယ်။

ဒီလိုရေးသားမှုရဲ့ တစ်ဖက်မှာတော့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက Kawthoolei Army ဖွဲ့စည်းလိုက်တာဟာ KNU နဲ့ သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ခွဲထုတ်ဖို့ ဟုတ်ပဲ စစ်ကောင်စီကို လွတ်လွတ်လပ်လပ် တိုက် ခိုက်ဖို့အတွက် အခုလို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ သတင်းဌာနတွေကို ပြောဆိုထားပါတယ်။

ဒါ့အပြင် KNLA၊ KNDO အပါအဝင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ အတူ တကွ ပူးပေါင်း တိုက်ခိုက်သွားမယ်လို့သာ ပြောဆိုထားတာပါ။ KNLA ကို Kawthoolei Army အောက်ကို သွတ် သွင်းမယ်ဆိုပြီး ပြောဆိုထားတာကို မတွေ့ရပါဘူး။

သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို Kawthoolei Army ဖွဲ့စည်းလိုက်တာနဲ့ ပတ် သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးကို ဒီမှာ https://bit.ly/3b2afCF တွေ့နိုင်ပါတယ်။

ဒါ့အပြင် တခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကို ပြောဆိုထားတဲ့ ပြောဆိုမှုတွေကိုလည်း သက်ဆိုင်ရာ သတင်းဌာနတွေရဲ့ ဝက်ဆိုဒ်၊ ဖေ့စ်ဘွတ် စာမျက်နှာ နဲ့ တခြားလူမှုကွန်ရက် စာမျက်နှာတွေမှာ ဝင်ကြည့်ရင်သိနိုင် ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ ယိမ်း နွဲ့ ပါး ဆိုသူက ဝါဒဖြန့်ဖို့အတွက် ဗိုလ်မှူး ချုပ် စောနယ်ဒါးမြ ပြောဆိုထားတာ မရှိတဲ့ စကားတွေကို ပြောဆိုထားသယောင် လုပ်ကြံဖန်တီး ရေးသားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...