ကလေးငယ် သေဆုံးမှု KIA လက်နက်ကြီးကြောင့် ဟု သတင်းမှားဖြန့်

ကလေးငယ် သေဆုံးမှု KIA လက်နက်ကြီးကြောင့် ဟု သတင်းမှားဖြန့်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KIA က ပစ် လိုက်တဲ့ လက်နက်ကြီးကြောင့် ၃ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆုံးသွားတယ်ဆိုပြီး အမွှေစိန် ဆိုသူက တယ်လီဂရမ်မှာ ဇူလိုင်လ ၂၆ ရက်နေ့မှာ ရေးတင်ထားပါတယ်။

အမွှေစိန် ဆိုသူက “KIA ပစ်ခတ်သည့် လက်နက်ကြီးကြောင့်ကလေးငယ် တစ်ဦးသေဆုံး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲ့ဒီအထဲမှာဆိုရင် “ဇူလိုင် ၂၅ ရက်နေ့ မနက် ၇ နာရီဝန်းကျင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း လွိုင်ဆမ်ဆစ် တောင်ခြေရှိ မန်နောင် နှင့် နမ့်ပါခီးကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ဦးခေါင်းပိုင်း လက်နက်ကြီးကျည် ထိမှန်ကာ ညနေပိုင်းအချိန်တွင် ဆေး ကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရပါသည်” လို့ (မူရင်း အရေးအသား အတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ယိမ်း နွဲ့ ပါး ဆိုသူ Facebook အကောင့်ပိုင်ရှင်ကလည်း အမွှေစိန် ဆိုသူ တယ်လီဂရမ်မှာ ရေးတင်ထား တဲ့ အဲဒီသတင်းပို့စ်ကို ကူးယူပြီး သူ့ရဲ့ Facebook အကောင့်မှာ ပြန်တင်ထားတာကိုလည်း တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇူလိုင်လ ၂၅ ရက်နေ့ (မနေ့) က စစ်ကောင်စီတပ်နဲ့ KIA တို့အကြားက တိုက်ပွဲအတွင်း ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက် ကြီးကျည် ထိမှန်ပြီး သေဆုံးသွားတာ မှန်ပေမယ့် အဲဒီလက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက် နက်ကြီးကျည်ဆိုတာကို အတိအကျ မသိရသေးပဲ ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

အဲဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းတွေထဲမှာ ဆိုရင် KIA က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ပါလို့ ဒေသခံတွေက ပြောဆိုထားတာကို မတွေ့ရပဲ မသိဘူးလို့ သာ ဖြေကြားထားတာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် သတင်းဌာနဖြစ်တဲ့ Shwe Phee Myay သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3otFObk ဝင်ကြည်လို့ရသလို တခြား တိုင်းရင်းသား သတင်းဌာနတွေဖြစ်တဲ့ သျှမ်းသံတော်ဆင့် https://bit.ly/3zaXi15၊ Kachinwaves https://bit.ly/3b20kgp ၊ The 74 Media https://bit.ly/3zxw2eE ၊ Kachin News Group https://bit.ly/3zxwr0E တို့မှာ ရေးသားထားတဲ့ သတင်းတွေ ကိုလည်း ဝင်ကြည့်လို့ရပါတယ်။

ဒေသခံတွေက KIA က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ပါလို့ ပြောဆိုထားတာ မတွေ့ရသလို စစ်ကောင်စီတပ် က ပစ်ပါတယ်ဆိုပြီးတော့လည်း ပြောဆိုထားတာကို မတွေ့ရပါဘူး။

ဒါကြောင့် အချက်အလက်တွေကို ခြုံကြည့်လိုက်တဲ့အခါမှာ အမွှေစိန်ဆိုသူက တိုက်ပွဲအတွင်း ဖြစ်ပွားခဲတဲ့ ကိစ္စ ရပ် တစ်ခုကို အခွင့်ကောင်းယူပြီး ဝါဒဖြန့်ဖို့အတွက် KIA ကို စွပ်စွဲရေးသားထားတဲ့ သတင်းအမှား တစ်ခုဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...