ဆယ်ဇင်းတွင် စစ်ကောင်စီ ဖမ်းထားသည့် ပြည်သူ ၅ ဦးအနက် လူငယ်နှစ်ဦး ပြန်မလွတ်သေး

ဆယ်ဇင်းတွင် စစ်ကောင်စီ ဖမ်းထားသည့် ပြည်သူ ၅ ဦးအနက် လူငယ်နှစ်ဦး ပြန်မလွတ်သေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ အဖမ်းခံလိုက်ရသည့် အရပ်သား ၅ ဦး အနက် ၃ ဦး ပြန်လွတ်လာသော်လည်း အသက် ၂၀ ကျော်အရွယ် လူငယ် နှစ်ဦး ပြန်မလွတ်သေးကြောင်း ဒေသခံများထံ မှ သိရသည်။

စစ်ကောင်စီသည် ဇူလိုင် ၂၃ ရက်နေ့က ဆယ်ဇင်းကျေးရွာကို တစ်အိမ်ဝင်တစ် အိမ်ထွက် စစ်ဆေးမှုများပြုလုပ်ပြီးနောက် အမျိုးသားငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သုံးဦးကို ယမန်နေ့က ပြန်လွတ်ပေးခဲ့ပြီး ကျန်လူငယ် နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု ဒေသခံတစ်ဦး KNG ကို ပြောသည်။

“အဖမ်းခံရတာ ငါးယောက်ဟုတ်တယ်ဗျ သူက စစ်ဆေးရေးလုပ်နေတဲ့ချိန်မှာ ဖုန်း ထဲက ဒေတာအချက်အလက်တွေ မိသွားတာ ငါးယောက်ဖမ်းသွားတယ်။ ဟိုဘက်ဒီ ဘက်လမ်းပိတ်ပြီး တစ်အိမ်ဝင်တစ်အိမ် ထွက်စစ်ပြီးဖမ်းသွားတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရဆဲ လူငယ်နှစ်ဦးသည် ကိုတက်တိုး အသက် ၂၅ နှစ်၊ ကိုပါဝါ အသက် ၂၂ဝန်းကျင်တို့ဖြစ်သည်။

၎င်းတို့၏ လက်ကိုင်ဖုန်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုနှင့်ပတ်သက်သော အချင်းချင်းသတင်းဖလှယ်သည့် စာတိုများတွေ့ရှိခြင်း နှင့် လက်ကိုင်ဖုန်းတွင် အသိ PDF တစ်ဦး၏ ဝတ်စုံ ဝတ်ထားသည့် ဓာတ်ပုံတွေ့ရှိခြင်းကြောင့် PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲထိန်းသိမ်းထားကြောင်း သိရသည်။

ဖားကန့် ဆယ်ဇင်းကျေးရွာတွင် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ် နှင့် KIA တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများခဲ့သည်။

ဖားကန့်မြို့နယ် မက်လင်ချောင်ကျေးရွာတွင် ဇွန်လ ၁၁ ရက်နေ့က အရပ်သားပြည်သူ ၂၃ ဖမ်းဆီးခဲ့ရာ ၁၁ ဦးသာ ပြန်လွတ်လာခဲ့သည်။ ထို့အပြင် ဇူလိုင် ၁၃ ရက်နေ့ကလည်း ဆိုင်းတောင်သပိတ်စစ်ကြောင်းမှပြန်လာသည့် အမျိုးသမီး ၇ ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၈ ဦး အဖမ်းခံခဲ့ရာ ယနေ့ထိ ပြန်မလွတ်သေးကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...