"စစ်တပ်မှ ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေပြီ" ဆိုတဲ့သတင်းအမှား

"စစ်တပ်မှ ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေပြီ" ဆိုတဲ့သတင်းအမှား

၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေးစနစ်ပုံစံအား ပြန်လည်အကောင်အထည် ဖော်မည် ဆိုသည် ကောလဟာလသတင်းများ လူမှုကွန်ယက်စာမျက်နှာတွင် ပြန်နံလျှက်ရှိပါတယ်။

 

ချစ်တုန်း၊ Sai Tun Aye စတဲ့အကောင့်မှာလည်း “ခုဆိုရင် ဒေါ်လာ မှောင်ခိုစျေးကွက်ကြီး ပီပီပြင်ပြင် ဖြစ်ပေါ်လာပြီဖြစ်သလို လက်နက်အားကိုးနဲ့ ဘာမဆိုလုပ်ရဲတယ် ဆိုတဲ့ စစ်တပ်ကကောင်တွေ ဗဟိုဘဏ်နဲ့ စီးပွားရေးကဏ္ဍတွေမှာ အရှက်မရှိ ခပ်တည်တည်နဲ့ နေရာတွေဝင်ယူထားပြီး ဘာမှမသိဘဲ ဟိုအမိန့်ပေး ဒီအမိန့်ထုတ် လုပ်နေကြပါတယ်။ စီနီယာဖြစ်ရင် ဂျူနီယာကို ပါးရိုက်လို့ ရတယ်၊ ရေဗူးပေါက်တာ မလိုချင်ဘူး.. ရေပါလာတာပဲ လိုချင်တယ် ဆိုတဲ့ ဦးနှောက်တွေနဲ့ တစ်ချိန်ကကျင့်သုံးခဲ့တဲ့ ‌ဒေါ်လာအစားထိုး FEC စနစ်ကိုပါ ပြန်လည် အကောင်အထည်ဖော်တော့မယ်လို့လည်း သိရပါတယ်။” လို့ရေးသားဖော်ပြ ထားပါတယ်။

 

အမေရိကန်ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC (FOREIGN EXCHANGE CERTIFICATE) ကို ၁၉၉၃ ခုနှစ်မှစတင်ကာ နှစ်ပေါင်း ၂၀ကြာ အသုံးပြုခဲ့ကြပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကတော့ ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ မရှိဘူးလို့ ခုလိုထုတ်ပြန်လာပါတယ်။

 

“၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့် ညီမျှသော FEC ငွေကြေးပုံစံစနစ်အား ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟူသောကိစ္စမှာ ကောလာဟလသာဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းနှင့် ဆောင်ရွက်ရန်အစီအစဉ် လုံးဝမရှိကြောင်း အသိပေးအပ်ပါသည်” ဟု ထုတ်ပြန်ထားပါတယ်။

 

ဒါကြောင့်"စစ်တပ်မှ ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေပြီ" ဆိုတာလက်ရှိအချိန်အထိ သတင်းအမှားတစ်ပုဒ်ဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...