အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့ဧရိယာ လုံးတုံသင်္ချိုင်းမြေအနီး နေ့ညမပြတ် ရွှေတူးဖော်မှုတွေ ရှိနေဆဲ

အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့ဧရိယာ လုံးတုံသင်္ချိုင်းမြေအနီး နေ့ညမပြတ် ရွှေတူးဖော်မှုတွေ ရှိနေဆဲ

မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ ၊ နမ့်မွန်းမြို့ဧရိယာက လုံးတုံသင်္ချိုင်းမြေနားမှာ ရွှေတူးဖော်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သုံးဧကခွဲရှိတဲ့ လုံးတုံကျေးရွာရဲ့ သင်္ချိုင်းမြေအနီးတဝိုက်မှာ လက်ရှိအချိန် ဘက်ဟိုးငါးစီးနဲ့ နေ့ညမပြတ် ရွှေတူးဖော်နေတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

" သင်္ချိုင်းမြေမှာ နွံတွေစီးဝင်မယ် ။ အဲနားတဝိုက်မှာ ကမ်းပါးတွေဖြစ်သွားမှာ။ သဲပြင်တွေဖြစ်သွားမှာပေါ့။ သင်္ချိုင်းနားမှာတူးနေတာက ဘက်ဟိုးငါးစီး။ အဲပတ်ဝန်းကျင်မှာက တစ်ရာကျော်လောက်တော့ တူးနေတာရှိတယ်။ "လို့ပြောပါတယ်။

လက်ရှိ ရွှေတူးဖော်နေတာတွေဟာ လုံးတုံသင်္ချိုင်းမြေရောက်ဖို့ ၁၅ ပေခန့်ပဲ လိုတော့တာဖြစ်ပြီး သင်္ချိုင်းမြေနေရာ ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်နေတာပါ။

 ဒါ့အပြင် ရွှေတူးဖော်တဲ့နေရာက မြေစာတွေကို တခြားနေရာသယ်သွားပြီး မျောစာသွားဖျော်တာကြောင့် ကတ္တရာလမ်းညစ်ပတ်တာနဲ့ ပျက်စီးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

" သူတို့အခုအဲမှာ စက်ထားလို့မရတော့ ယန္တရားကြီး မော်တော်ယာဉ် ၁၂ စီးနဲ့ အဲဒီက ရွှေမြေတွေကို တခြားနေရာကိုသယ်ပြီး သွားဖျောတာကြောင့် ကတ္တရာလမ်းတွေတောင် အားလုံး ညစ်ပတ်ကုန်တာ။ တလောက ပြည်နယ်ကို တိုင်မယ်ပြောလို့ နှစ်ကြိမ်တော့ ရွှံ့တွေကို ရေဆေးပေးတယ်။ "လို့ ဒေသခံကဆိုပါတယ်။

အင်းတော်ကြီးဒေသမှာ အရင်ကတည်းက ရွှေတူးဖော်မှုတွေရှိခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်မှုတွေ ပိုမိုများပြားလာတာဖြစ်ပါတယ်။

ဒါအပြင် ဧက ရှစ်သောင်းကျော်ရှိတဲ့ နန်ရန်ခါကြိုးဝိုင်းအတွင်းက ဧက ၆၀၀၀ ကျော် ၇၀၀၀ လောက် တူးဖော်ခံလိုက်ရပြီလို့လည်း ဒေသခံကဆိုပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...