စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၃ နှစ်အရွယ် ထိခိုက်ဒဏ်ရာ ပြင်းထန်

စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၃ နှစ်အရွယ် ထိခိုက်ဒဏ်ရာ ပြင်းထန်

ကွတ်ခိုင်မြို့နယ် လွယ်ဆမ်ဆစ် တောင်ခြေအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းကျည်ထိမှန်ကာ ဒဏ်ရာ ပြင်းထန်နေကြောင်း သိရသည်။

ယနေ့ မနက် ၇ နာရီခန့် လွယ်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာသို့ စစ်တပ်ကား ၂ စီးနှင့်အတူ အင်အား ၈၀ ကျော်ဖြင့် ဝင်ရောက်လာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ တပ်ရင်း  ၂၉ လှုပ်ရှားတပ်ရင်း ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မန်နောင်ရွာမှ ကလေးတစ်ဦး လက်နက်ထိမှန်ခဲ့ကြောင်း ဒေသခံတစ်ဦး KNG ကို ယခုလို ပြောသည်။

“ဒီမနက်ကနေ ရွာထဲဝင်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ။ အခု ကလေးရဲ့ အခြေအနေက ဆိုးတယ်။ သူ့တို့မိသားစုတွေ သေနတ်သံတွေကြောင့် သစ်ပင်အောက်မှာ ခိုနေချိန်အမေက ကလေးကို သူ့ရင်ဘတ်မှာ ချီထားတာ ဟုတ်တယ်။ အဲ့အနီးလက်နက်ကြီးလာကျပြီး ပေါက်ကွဲလက်နက်စက ကလေးခေါင်းတည့်တည့်မှာ လာထိမှန်သွားတယ်။” ဟု မန်နောင် ကျေးရွာဒေသခံတစ်ဦး က ပြောသည်။

လက်နက်ကြီးထိမှန်သော ကလေးကို လက်ရှိ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး အခြေအနေပြင်းထန်သောကြောင့် အကူအညီလိုအပ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ ဆက်လက် ထိုးစစ်ဆင်ဝင်ရောက်နေသောကြောင့် နှစ်ဖက် စစ်ရေးဆက်လက်တင်းမာနေသေးကြောင်း သိရသည်။

စစ်ရေးတင်းမာနေသောကြောင့် ရွာသားများအတွက် နေ့စဉ်အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွင် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

“ရွာသားတွေက အခုချိန်မှ လယ်ယာသွား၊ စပါးခင်းသွား သီးနှံစိုက်ပျိုးယုယ နေတဲ့အချိန်ဖြစ်တယ်။ အခုလို စစ်တပ်က ရွာဘက်ကိုပဲ ထိုးစစ်ဆင် စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့် လုံး၀ လုံခြုံမှု မရှိဘူး။ စစ်တပ်က မျက်စိပါ၊ နားပါ လူစိတ်ရှိတဲ့သူတွေ မဟုတ်။ သူတို့ကြိုက်သလို ရွာသားတွေကို ထိခိုက်အောင်လုပ်နေတဲ့သူတွေဆိုတော့ အားလုံးအတွက် စိုးရိမ်နေရတယ်။” ဟု မန်နောင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တစ်ဝိုက် KIA တပ်မဟာ ၄ အောက် လှုပ်ရှားတပ်ရင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ရက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...