အင်းတော်နယ်တွင် ခရီးသွားပြည်သူများထံမှ ဖုန်းနှင့်ငွေ လုယူမှုများဖြစ်ပွားနေ

အင်းတော်နယ်တွင် ခရီးသွားပြည်သူများထံမှ ဖုန်းနှင့်ငွေ လုယူမှုများဖြစ်ပွားနေ

စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ်တွင် စစ်ကြောင်း ၃ခုဖြင့် သွားလာလှုပ်ရှားသော စစ်ကောင်စီတပ်သည် အင်းတော်-ဗန်းမောက်လမ်းပိုင်း သွားလာသည့် ပြည်သူများထံမှ ဖုန်း

နှင့်ငွေသား လုယူမှုများ ကြုံတွေ့နေရကြောင်းသည်ဟု ဒေသခံများထံမှသိရသည်။

အင်းတော်မြို့ ရေတွင်းကုန်းနှင့် သံဘိုရွာတွင် ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ သက္ကယ်ကျင်းရွာ၌ ကားသမားတစ်ဦး နှင့်ခရီးသည်များထံ ပိုက်ဆံတောင်းယူပြီး ဖုန်းများပါလုယူသွားကြောင်း ကြုံတွေ့ခဲ့ရသည့် ခရီးသွားပြည်သူတစ်ဦးက KNG ကိုပြောပါသည်။

“မနေ့တုန်းက သက္ကယ်ကျင်းမှာ ကားသမားတွေဆီက ပိုက်ဆံတွေဖုန်းတွေယူထားလုယူတယ်။ ကျနော်နဲ့သိတဲ့ကောင်လေးဆိုရင် သူက ကားနဲ့လာတာ။ အဲ့တာကိုကားတား စစ်ပြီးမှပိုက်ဆံ နှစ်သိန်းတောင်းတာ သူ့မှာမရှိဘူးပြောတော့ အင်းတော်မြို့ ထဲမှာသွားချေးခိုင်းပြီး ၂သိန်း ပေးလိုက်ရတယ်။ ပြီးရင်ဖုန်းလည်း ပါယူသွားတယ်။ ရှေ့က သွားတဲ့ ကားတွေကိုလည်း အဲ့လိုဘဲ လိုက်တောင်းနေတာတဲ့”ဟုပြောဆိုသည်။

ထိုနည်းတူ ထိုတစ်ရက်တည်းအတွင်း အင်းတော်မှ သက္ကယ်ကျင်းသို့ ဆိုင်ကယ်ဖြင့် သွားခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၂ သိန်းတောင်းရာ မရှိကြောင်း မပေးသည့်အတွက် လက်ကိုင်ဖုန်းသိမ်းယူပေးလိုက်ကြောင်း ကြားသိရသည်ဟု သူကဆက်ဆိုထားသည်။

လတ်တလောတွင် စစ်ကောင်စီတပ်မှ အင်းတော်နယ်အတွင်း တစ်ရွာဝင်တစ်ရွာထွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး ပြီးခဲ့သော မေလနောက်ပိုင်းမှစတင်ကာ ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံသည့် လုပ်ရပ်များ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် မဲဇာဘက်မှ အင်အား ၃၀ကျော်ပါရှိသော စစ်ကြောင်း၊ ကသာဘက်မှ အင်အား ၇၀ခန့်ပါရှိသော စစ်ကြောင်းနှင့် အင်အား ၆၀ ကျော်ပါရှိသော စစ်ကြောင်း စသော  စစ်ကြောင်း ၃ခုဖြစ်ကြောင်းသိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...