AA နှင့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူဒေသခံ ၉ ဦး ထောင် ၃ နှစ်စီချမှတ်ခံရ

AA နှင့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူဒေသခံ ၉ ဦး ထောင် ၃ နှစ်စီချမှတ်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အလယ်ချောင်းကျေးရွာနှင့် ဇင်ချောင်းကျေးရွာမှ ဒေသခံ ၉ ဦးသည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖမ်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံလိုက်ရသည်ဟု သိရသည်။

၄င်းတို့ကို  ဇူလိုင်လ ၂၁ ရက်တွင် ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ခြင်းဖြစ်ကြောင်း အမှုကိိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်သူရက ပြောသည်။

" ၅၂ (က)နဲ့ပဲ ချလိုက်တယ်။ ၃ နှစ်ချလိုက်တယ်။ အဲဒီအထဲမှာ တစ်မှုက ၈ ယောက်နဲ့ နောက်တစ်မှုက တစ်ယောက်တည်း။ ချုပ်ရက်တွေကို ခံစားခွင့်ရှိတယ်" ဟုပြောသည်။

ထို့ ၉ ဦးအထဲတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ ဦးဝင်းနိုင်နှင့် အလယ်ချောင်းကျေးရွာမှ ဦးငလုံးအောင်(ခ) ထွန်းထွန်းဝင်း၊ ဦးညီညီဇော်၊ ဦးဇော်ထွန်း၊ ဦးမြင့်ထွန်း၊ ဦးချမ်းငြိမ်း၊ ဦးဇော်ဌေး(ခ) မျိုးဝင်း၊ ဦးထွန်းဝင်းနှင့် ဦးရဲကိုနိုင်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လခန့်မှစတင်ကာ ကျောက်ဖြူမြို့နယ်အတွင်း အသီးသီးဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂ (က)တို့ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ကျောက်ဖြူအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်မှာ ၂ နှစ်နီးပါးခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်းတွင် ရခိုင်ပြည်နယ်တစ်ဝန်းရှိ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသော ဒေသခံအများအပြားကို စစ်ကောင်စီတရားရုံးများက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်အသီးသီးချမှတ်လျက်ရှိသည်ဟု သိရသည်။

AA အား အကြမ်းဖက်အဖွဲ့အစည်းမှပယ်ဖျက်ထားပြီးနောက်တွင် ယခုကဲ့သို့ AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့် အပြစ်မဲ့ဒေသခံများကို ထောင်ဒဏ်ချမှတ်နေခြင်းသည် မဖြစ်သင့်သည်လုပ်ရပ်ဖြစ်ကြောင်းလည်း လူမှုရေးလုှပ်ရှားသူများက ဝေဖန်ပြောဆိုနေကြသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...