မြစ်ကြီးနားမြို့၊အောင်မြင်သာကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ

မြစ်ကြီးနားမြို့၊အောင်မြင်သာကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်မြင်သာကျေးရွာ အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မြို့ပြပျောက်ကျားအဖွဲ့ကနေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဂိတ်မှာ  ရဲနဲ့စစ်သားတွေ စောင့်ကြပ်နေတာဖြစ်ပြီး ငွေကြေးလိုအပ်ခဲ့ရင်  လိုအပ်သလို လမ်းသွား/လာတွေကိုပိုက်ဆံတောင်းနေတာကြောင့် သွားရောက်မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" မနေ့ည ၁၀နာရီလောက်မှာ သွားပြီးမီးရှို့လိုက်တာ။ အဲဒီဂိတ်မှာ ညဆိုစစ်သားတွေ ကင်ပုန်းဝပ်တယ်။ နေ့ဆိုအမြဲတမ်းတော့ မရှိဘူး။ ပိုက်ဆံလိုရင် ပေါ်လာပြီး ဖြတ်သွားဖြတ်လာ ကုန်ကားတွေဆီက တောင်းပြီ။ အဲဒါကြောင့်မီးရှို့ပေးလိုက်တာ" လို့ ဆိုပါတယ်။

ကင်းတဲမီးမရှို့မီ စစ်သား ၃ ဦး ကင်းပုန်းဝပ်နေပြီး လာရောက်မီးရှို့ချိန်မှာတော့  ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်း သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...