AA နှင့်ဆက်စပ်သံသယဖြင့် အိုင်ဒင်ရွာသား ၂ ဦး ထောင်ဒဏ် ၃ နှစ်စီချခံရ

AA နှင့်ဆက်စပ်သံသယဖြင့် အိုင်ဒင်ရွာသား ၂ ဦး ထောင်ဒဏ် ၃ နှစ်စီချခံရ

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသား ၂ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွှန့်မောင်က ပြောသည်။

"သူတို့ကို ၅ ရက်နေ့ သုံးလပိုင်း ၂၀၂၀ ခုနှစ်ကနေ ဒီနေ့အထိကို ချုပ်ရက်ကို ထုတ်နုတ်ရမယ်။ ကျန်တာကတော့ ၆ လလောက်ပဲ ကျန်တော့တယ်" ဟုပြောသည်။

AA နှင့်ဆက်စပ်သံသယဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရသူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ တူဝရီးနှစ်ဦးဖြစ်သည်။

သူတို့ကို  ဇူလိုင်လ ၂ဝ ရက်တွင် စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်အမိန့်ချရန် တစ်နှစ်ကျော်အကြာ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီးနောက် ယနေ့တွင် အပြီးသတ်အမိန့်ချမှတ်ခံလိုက်ရခြင်းလည်းဖြစ်သည်။

ထောင်ချခံလိုက်ရသည့် ကိုနေလင်းဌေး၏မိခင်ဖြစ်သူ ဒေါ်အောင်သန်းနုက "ဟိုတခေါက်က ကျောက်ဆိပ်ကကလေးတွေကို ချလိုက်ကတည်းကနေ သူတို့လည်း အပြစ်မရှိပေမယ့် လွတ်တော့မှာမဟုတ်ဘူးလို့ ခန့်မှန်းထားပြီးသားပါ။ ၃ နှစ်ဆိုရင်လည်း ဒုက္ခခံလို့က နှစ်နှစ်ကျော်နေပြီလေ။ နောက်ငါးလ၊ ခြောက်လလောက်ပဲ နေရတော့မှာပါပဲ။ ဒါကိုပဲမျှော်လင့်နေရတာပါ။ မဟုတ်ရင်လည်း ရုံးချိန်းတွေသွားရတာ ဒုက္ခကကြီးပါတယ်" ဟုပြောသည်။

၎င်းတို့ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်အမိန့်ချမည်ဟု စတင်ချိန်း ဆိုခဲ့ခြင်းဖြစ်ကာ ဇူလိုင်လ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်၌ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...