မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၏ နယ်စပ်အနီး မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအနည်းဆုံး သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၃၀ ခန့်ပါဝင်သော စစ်ကြောင်း နှစ်ကြောင်းဖြင့် မိုးဗြဲမြို့အတွင်းသို့ ဝင်ရောက်လာစဉ် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ Mobye PDF ၊ Pekhon PDF ၊ KNDF နှင့် URF ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့က လက်နက်ကြီးတွေနဲ့ ထုထုပြီးမှ တက်လာတာပါ။ အခုဘုရားကျောင်းထဲမှာတော့ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) အခြေချနေတယ်” ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် တစ်ဘက်နှင့်တစ်ဘက် မီတာ ၄၀၀ ဝန်းကျင်ခန့်အကွာတွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖယ်ခုံမြို့ ၊ ခေါင်းအိကျေးရွာသို့ လက်နက်ကြီး ငါးချက် ကျရောက်ကာ လူနေအိမ် နှစ်လုံး ပျက်စီးသွားကြောင်းလည်း KNDF ဖယ်ခုံဇုန်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိမှာ ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲ၊ ပွဲကုန်း(၃) ရှိ "ဘုရား၏သန့်ရှင်းသောမယ်တော်" ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။

မိုးဗြဲမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းရှိနေကာ စစ်ရေးတင်းမာဆဲဖြစ်သည့်အတွက် ဒေသခံများ သတိထားသွားလာကြရန် ဒေသကာကွယ်ရေး တပ်ဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။

Most read this week

August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...