အာဇာနည်နေ့တွင် မန္တလေးတစ်မြို့လုံး စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်

အာဇာနည်နေ့တွင် မန္တလေးတစ်မြို့လုံး စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်

အာဇာနည်နေ့တွင် မန္တလေးမြို့တစ်မြို့လုံး နေရာအနှံ့အပြား၌ စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ် ထားသည်ကိုတွေ့ရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်း၌ စစ်ကောင်စီအကြီးအကဲတစ်ဦး ရောက်ရှိနေ ခြင်းကြောင့် လုံခြုံရေးတင်းကြပ်ထားခြင်းဖြစ်နိုင်ကြောင်း ရဲသတင်းရင်းမြစ်များထံမှသိရသည်။

“အခြေအနေတွေက ခြောက်ခြားစရာကြီး၊ မနက်မိုးလင်းကတည်းက လမ်းဆုံလမ်းခွတွေမှာရော၊ တချို့ အတွင်းလမ်းတွေမှာပါ ဝပ်ကင်းတွေချထားတာ တွေ့ရတယ်။ တစ်ခုခုဖြစ်တော့မယ့် အနေအထားမျိုး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီက ယခင်နှစ်ကလို ပြည်သူပါဝင်သည့်အခမ်းအနားမျိုးပြုလုပ်နိုင်ခြင်းမရှိဘဲ မြို့အဝင်အထွက်ဂိတ်များအပါ အဝင် မြို့တွင်းလမ်းများ၌ စစ်ဆေးရေးတင်းကြပ်စွာပြုလုပ်နေသည်ကို တွေ့ရသည်။

တစ်ဘက်တွင်လည်း စစ်အာဏာရှင်တော်လှန်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့များက ပြည်သူသို့ သတိပေး ထုတ်ပြန်ချက်များ နာရီနှင့်အမျှထုတ်ပြန်နေသည်ကို တွေ့ရသည်။

လမ်းသွားလမ်းလာပြည်သူများအနေဖြင့် ပတ်ဝန်းကျင်အခြေအနေကိုဂရုစိုက်လေ့လာပြီး သတိနှင့်သွား လာနေထိုင်ကြရန်၊ ပစ်ခတ်မှုများပေါက်ကွဲမှုများဖြစ်လာလျှင် လွတ်အောင်ရှောင်ကြရန် မြို့ပြပြောက် ကျားတပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်ထားသည်။

August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...