ဖားအံမြို့တွင် စစ်ကောင်စီတပ်မှ စောင့်ကြည့်ကင်မရာ (CCTV)များကို တပ်ဆင်မှုများပြုလုပ်နေ

ဖားအံမြို့တွင် စစ်ကောင်စီတပ်မှ စောင့်ကြည့်ကင်မရာ (CCTV)များကို တပ်ဆင်မှုများပြုလုပ်နေ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုလ ဇူလိုင်(၁၁)ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် စီစီတီဗီကျွမ်းကျင်သူများက မြို့တွင်းရှိ မီးပွိုင့်လမ်းဆုံနှင့် လူသွားလူလာများသည့်နေရာများတွင် စောင့်ကြည့်ကင်မရာ(CCTV) များကို တပ်ဆင် မှု များပြုလုပ်လာကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့၏ လမ်းဆုံလမ်းခွမီးပွိုင့်များနှင့် အထင်ကရ ရပ်ကွက်စျေးနေရာများ စသည့်တစ်မြို့လုံးနီးပါးတွင် စစ်ကောင်စီ တပ်နှင့် စီစီတီဗီကျွမ်းကျင်ဝန်ထမ်းများပူးပေါင်း၍ လိုက်လံ တပ်ဆင်မှုများ ပြုလုပ်နေပြီး မျက်နှာဖတ်နိုင်သည့် တရုတ်နိုင်ငံထုတ် CCTV များဖြစ်နိုင်ကြောင်းနှင့် တက်ကြွလှုပ်ရှားသူများ၊ တောတွင်း လက်နက်ကိုင်ပြန်လာသူများကို စောင့်ကြည့်လိုသည့် ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“မီးပွိုင့်တွေမှာ အကုန်လိုက်တပ်တယ်။ တံတားထိပ်ကော ရေပေါ်စျေး၊ ကမ်းနားလမ်းအစုံပဲ။ တစ်မြို့လုံးတပ်နေတာ။ ရွှေထုံမောင်နားမှာတွေရော တစ်ပတ်လောက်ရှိနေပြီးလိုက်တပ်နေတာ နေရာအစုံတပ်နေတာ။ ကားတွေနဲ့ ရဲတွေလည်းပါ တယ်။ ရဲတွေကဘေးကနေလိုက်ကြည့်ပေးတယ်။ လိုက်တပ်နေတဲ့(CCTV)အမျိုးအစားက ဖုန်းပြောသလိုလည်း ပြောလို့ရ တယ်။ လှုပ်ရှားမှုတိုင်း၊ ထူးခြားမှုတိုင်းလည်း ကြည့်လို့ရတဲ့ဟာဖြစ်မယ်။ ကျနော့်အထင်ကတော့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ တောထဲဝင်ပြီး မြို့ကို ပြန်လာတဲ့သူတွေကိုပေါ့။ မျက်နှာပါအတိအကျခြေရာခံပြီးလိုက်ဖမ်းဖို့ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စောင့်ကြည့်ကင်မရာ CCTV များကို ဖားအံမြို့တွင်းသာမက မြို့အနီး ဝန်းကျင်ကျေးရွာ ရပ်ကွက်များတွင်လည်း အနည်း ဆုံး ၂ လုံးခန့် တပ်ဆင်ထားမှုများ ပြုလုပ်နေပြီး မည်သည့်အတွက်ကြောင့် တပ်ဆင်ထားကြောင်းနှင့် CCTV ထိန်းချုပ်ရေး စင်တာကိုလည်း မည်သည့်နေရာတွင် ထားရှိထားကြောင်းကို အတိအကျ မသိရှိရကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း မြို့တွင်းလုံခြုံရေး အကြောင်းပြချက်ဖြင့် CCTV တပ်ဆင်ရေး စီမံကိန်းကို အပြီးသတ်လုပ်ဆောင်နေပြီး မြို့အနှံ့လမ်းဆုံ လမ်းခွများနှင့် ရပ်ကွက်လမ်းများတွင် လိုက်လံတပ်ဆင်ထားလျက်ရှိသည်။ အဆိုပါ CCTV သည် လူမျက်နှာကို မှတ်သားထားနိုင်သည့် ကင်မရာအမျိုးအစားများ၊ ကားနံပါတ်များကို ဖတ်နိုင်သည့် ကင်မရာနှင့် ၃၆၀ လှည့်ပတ်နိုင်သည့် ကင်မရာအမျိုးအစားများကို တပ်ဆင်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်း အမြို့မြို့အနယ်နယ်တွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လုပ်ဆောင်လာသလို CCTV တပ်ဆင်မှုများကိုလည်း ဖားအံမြို့တွင်သာမက အခြားသော မြို့ပြဒေသများတွင်လည်း အများအပြား တပ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...