AA နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာ တရားစွဲခံထားရသူ ၂ ဦးအား ဇူလိုင် ၂၉ ရက်တွင် အပြီးသတ်အမိန့်ချရန်ပြန်ချိန်း

AA နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာ တရားစွဲခံထားရသူ ၂ ဦးအား ဇူလိုင် ၂၉ ရက်တွင် အပြီးသတ်အမိန့်ချရန်ပြန်ချိန်း

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၂ ဦးအား ဇူလိုင်လ ၂၉ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန် ရုံးချိန်းပြန်ချိန်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၄င်းတို့ ၂ ဦးမှာ ရသေ့တောင်မြို့နယ်မှ ဦးမောင်ပု(၃၈ နှစ်)နှင့် ဦးသာဇံ(၄၀ နှစ်) တို့ဖြစ်သည်။

သူတို့ကို  ဇူလိုင်လ ၁၈ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားခဲ့သော်လည်း အမိန့်ချမှတ်ရန်အဆင်သင့်မဖြစ်သေးဟုဆိုကာ ယခုကဲ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဒီနေ့ရုံးချိန်းမှာတော့ တရားသူကြီးက အမိန့်ချမှတ်ဖို့ အဆင်သင့်မဖြစ်သေးလို့ မချမှတ်ခဲ့ရပါဘူး။ လာမယ့်ရုံးချိန်းမှာ အမိန့်ချဖို့ထပ်ချိန်းလိုက်ပါတယ်" ဟုပြောသည်။

၄င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့ဖြင့် ဗိုလ်ကြီးအောင်မြင့်မြတ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဦးသာဇံကို ဖမ်းဆီးခံရစဉ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် မူးယစ်ဆေးဝါးဥပဒေ ၁၉ (က)ဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရပြီဖြစ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့နှင့်လည်း တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။

ယင်းတို့ နှစ်ဉီး ကို  ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်တွင် စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

စတင်ဖမ်းဆီးခံရစဉ်က ၎င်းတို့အားလိုက်ပါပို့ဆောင်သည့် သုံးဘီးယာဉ်မောင်းတစ်ဦးလည်း ဖမ်းဆီးခဲ့ရသော်လည်း အဆိုပါယာဉ်မောင်းသည် နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် စစ်တွေအကျဉ်းထောင်မှနေ၍ ၂ နှစ်ကျော်ကြာတရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...