အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသက အရပ်သား သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသက အရပ်သား သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသက အရပ်သားပြည်သူ သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ပါတယ်။

ISP Myanmar ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇွန်လထိ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ ကရင်ပြည်နယ်၊ ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ  ၃၂၀၀၀၀ ကျော်ထိ ရှိလာတယ်လို့ ဆိုထားပါတယ်။

အဲဒီထဲက နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁၉၀၀ ကျော်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲမှာ ဝင်ရောက်ခိုလှုံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် စစ်တပ် အာာဏာသိမ်းတဲ့ ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၄၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

မွန်ပြည်နယ် ၊ သထုံမြို့နယ်မှာလည်း စစ်တပ် အာဏာသိမ်းတဲ့ အခုနှစ် ဇွန်လအတွင်း လူနေအိမ်နဲ့ အဆောက်အအုံ ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP Myanmar က ဆိုပါတယ်။

ISP Myanmar ကတော့ အခုအချက်အလက်တွေဟာ မီဒီယာတွေနဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေအပေါ် အခြေခံပြီး ကောက်ယူထားတာဖြစ်ကြောင်းနဲ့ မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...