ဗိုလ်ချုပ် နယ်ဒါးမြက CDM စစ်သားတွေကို အယုံအကြည်မရှိကြောင်းပြောတယ်ဆိုတဲ့ သတင်းမှားဖြန့်

ဗိုလ်ချုပ် နယ်ဒါးမြက CDM စစ်သားတွေကို အယုံအကြည်မရှိကြောင်းပြောတယ်ဆိုတဲ့ သတင်းမှားဖြန့်

နွေဦးတော်လှန်ရေးကာလအတွင်း CDM လုပ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အယုံအကြည်မရှိဘူးလို့ ဗိုလ်ချုပ်နယ်ဒါးမြက ပြောတယ်ဆိုပြီး Ko Thiha ဆိုသူ Facebook အကောင့်ပိုင်ရှင် ဇူလိုင်လ ၁၆ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

အဲဒီစကားကို ဗိုလ်ချုပ်နယ်ဒါးမြက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ KNDO ဖွဲ့စည်းတည်ထောင်တာ ၇၅ နှစ်ပြည့်နေ့ အခမ်းအနား မှာ ပြောဆိုခဲ့တယ်ဆိုပြီး ရေးသားထားပါတယ်။

Ko Thiha က “အရပ်သား ၂၅ ဦးကျော် tတ်ဖြတ်ခဲ့သောကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် မှားယွင်းမှု ဖြစ် ပေါ်ခဲ့သော်လည်း ပြဿနာတစ်ခုဟု မမြင်မိကြောင်း၊ စစ်ဆင်ရေးထက် ဘာမှအရေးမကြီးကြောင်း ပြော ကြားခဲ့ပါသည်။ ဆက်လက်ပြီး နယ်ဒါးမြမှ စောစလုံး အားမိမိအနေဖြင့် အပြည့်အဝ အားကိုး ယုံကြည် ကြောင်း၊ လူမှုရေး ပြဿနာမှာ သူ၏ကိစ္စဖြစ်သဖြင့် မိမိအနေဖြင့် ဘာမှ မပြောလိုကြောင်း၊ CDM စစ်သားများ အ ကြောင်းအားမေးမြန်းရာတွင် မိမိတို့အနေဖြင့် ရန်သူအား ယုံကြည်မှုမရှိကြောင်း၊ အထူးသဖြင့် ဗမာများ အား ပိုမိုမယုံကြောင်း၊ မိမိတို့ ဥပဒေဖြင့်သာ ဆောင်ရွက်လျက်ရှိကြောင်း ကရင်အသံ (karean TV)အား ပြော ကြားခဲ့ပါသည်” ဆိုပြီး( မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် KNU ဗဟိုကော်မတီဝင်တွေဟာ အသက်အရွယ်ကြီးလာပြီ ဖြစ်တဲ့အတွက် စဉ်းစားတွေးခေါ်မှုတွေကို မလုပ်နိုင်တော့ဘူးလို့ ပြောတယ်ဆိုပြီး ထည့်သွင်းရေးသားထားတာကိုလည်း တွေ့ရပါတယ်။

“KNU ဗဟိုမှ မိမိကို ထုတ်ပယ်ခဲ့ပေမယ့်လည်း မိမိအနေဖြင့် ဂရုမစိုက်ကြောင်း၊ ဗဟိုကော်မတီဝင်များ အနေ ဖြင့် အသက်အရွယ် ကြီးနေပြီဖြစ်သဖြင့် စဉ်းစားတွေးခေါ်မှုများ မလုပ်နိုင်တော့ကြောင်း၊ တာဒိုးမူ၊ ဘော ကျော်ဟဲ တို့ အနေဖြင့် မိမိအား အကာအကွယ် ပေးထားပြီး တော်လှန်ရေးအတွက် ရရှိထားသော us မှ ထောက် ပံ့ ငွေ သန်း ၃၀ ကျော်ကိုလည်း မိမိတို့ ရရှိထားကြောင်း၊ မိမိအနေဖြင့် ထိုင်းနိုင်ငံသားခံယူထားသူဖြစ်ပြီး ထိုင်း အစိုးရ အနေဖြင့်တောင် မိမိအား လုံးဝအကာ အကွယ်ပေးထားသဖြင့် စစ်ဦးချုပ်ရာထူးမှာ ပျက်ပျယ်ခြင်း မရှိ ကြောင်း ပြောကြားခဲ့ပါသည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်နယ်ဒါးမြ ပြောဆိုထားတာ မရှိတဲ့ စကားတွေကို  ပြောဆိုထားသယောင် Ko Thiha ဆိုသူက ဖန်တီးရေးသားထားလို့ပဲ ဖြစ်ပါတယ်။

KNDO ဖွဲ့စည်းတည်ထောင်ခြင်း ၇၅ နှစ်ပြည့်နေ့ အခမ်းအနား မှာ ဗိုလ်ချုပ်နယ်ဒါးမြက “ဒီတော်လှန်ရေး မှာ ကျနော်တို့အားလုံး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိကူညီကြပြီး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့လိုတယ်” လို့ ပြောဆိုခဲ့တယ်ဆိုပြီး KNDO - Karen National Defense Organization ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ တွေ့ရ ပါတယ်။

KNDO - Karen National Defense Organization ရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3yKB6uN တွေ့နိုင်ပါတယ်။

ဒါ့အပြင် အဲ့ဒီစကားတွေကို ကရင်အသံ (Karean TV) ကို ပြောခဲ့တယ်ဆိုပြီး ရေးသားထားပေမယ့် Karen1TV နဲ့ ကရင်သတင်းဌာနဖြစ်တဲ့ KIC သတင်းဌာနမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တင်ထားတာကိုလည်း မတွေ့ရပါဘူး။

Karen1TV ကို ဒီမှာ https://bit.ly/3Oe3knq ဝင်ကြည့်လို့ရသလို ကရင်သတင်းဌာနဖြစ်တဲ့ KIC သတင်းဌာန ကိုတော့ ဒီမှာ https://bit.ly/3IPiTAH ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်လိုက်တဲ့အခါမှာ Ko Thiha ဆိုသူက KNU အဖွဲ့အစည်း အချင်းချင်း ကြား မှာ စည်းလုံးမှုကို ပြိုကွဲစေဖို့နဲ့ CDM ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဗိုလ်ချုပ်နယ်ဒါးမြကို အထင်အမြင်မှားအောင် လိမ်ညာ ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

Ko Thiha ဆိုသူရဲ့ ရေးသားမှုကို စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားအရေး လှုပ်ရှားသူ တော်တော် များများ က ထပ်ဆင့်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...