ဆယ်ဇင်ကျေးရွာအနီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ဒေသခံများ တိမ်းရှောင်နေရ

ဆယ်ဇင်ကျေးရွာအနီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ဒေသခံများ တိမ်းရှောင်နေရ
ဆယ်ဇင်းကျေးရွာနှင့် ဆက်သွယ်ထားသည့် စစ်ကိုင်းတိုင်းအစပ်က နမ့်ပုတ်ချောင်းကူးတံတား။
ဆယ်ဇင်းကျေးရွာနှင့် ဆက်သွယ်ထားသည့် စစ်ကိုင်းတိုင်းအစပ်က နမ့်ပုတ်ချောင်းကူးတံတား။

ဖားကန့်မြို့နယ်၊ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

မနေ့က ဇူလိုင်လ (၁၇) ရက်နေ့ နံနက်ပိုင်းကနေ စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ အတူ စစ်ကူရောက်လာတဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကနေ မနေ့က (၁၀) နာရီခန့်လောက်က ဂျက်ဖိုက်တာလေယာဉ် (၄) စီးနဲ့ ဗုံးကြဲခဲ့ပြီးတော့  ဒီကနေ့ ဇူလိုင်လ (၁၈) ရက်နေ့မှာလည်း ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်တယ်လို့နီးစပ်သူက ဆိုပါတယ်။

" ခုထိပစ်နေတယ် လေယာဉ်နဲ့ ။ အရင်နေတဲ့ နေရာမှာတောင် နေလို့မရတော့ဘူး။ တိမ်းရှောင်နေရတယ်။ ဟုတ်တယ် ဒေသခံတွေ ဘယ်အိမ်ကျတာလည်းတောင် မသိဘူး။ လေယာဉ်နဲ့ ဗုံးကြဲပြီး မလွတ်တဲ့နေရာကသူတွေထွက်ပြေးနေတယ်။ " လို့ နီးစပ်သူက ဆိုပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြား သေဆုံးနိုင်ပြီး စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၄) ယောက်ခန့်သေဆုံးပြီးတော့ KIA ဘက်ကလည်း သေဆုံးသူရှိတယ်လို့နီးစပ်သူဆီက ဆိုပါတယ်

ဆယ်ဇင်းကျေးရွာဟာ အိမ်ခြေ (၄၀၀)လောက်ရှိတဲ့ ကျေးရွာ ဖြစ်ပြီး လက်ရှိမှာတော့ ကျေးရွာကို သွားတဲ့လမ်းတွေအကုန် ပိတ်ထားတယ်လို့လည်း သိရပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...