စစ်တွေမှ ရန်ကုန်သို့သွားသည့် မူဆလင် ၅ ဦး အမ်းတွင် ဖမ်းဆီးခံရ

စစ်တွေမှ ရန်ကုန်သို့သွားသည့် မူဆလင် ၅ ဦး အမ်းတွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ရန်ကုန်သို့ ကားဖြင့်သွားသည့် မူဆလင် ၅ ဦးသည် အမ်းမြို့တွင် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

သူတို့ကို  ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက အမ်းမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ၏သတင်းပေ့ရှ်ဖြစ်သည့် ရခိုင်နေ့စဉ်တွင် ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် စစ်တွေမြို့နယ်၊ ဥယျာဉ်သာအုပ်စုမှဖြစ်ပြီး ရန်ကုန်ရှိ မူဆလင်အမျိုးသမီးတစ်ဦးက ၎င်းထံလာရောက်ရန် ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် နူရန်ကီမှ ဆက်သွယ်ပေးထားသော စစ်တွေမြို့ရှိ မူဆလင်ပွဲစားတစ်ဦး၏အစီအစဉ်ဖြင့် စစ်တွေမြို့ ကားကြီးဝင်းသို့ရောက်ရှိခဲ့ပြီး ရွှေပြည်ရခိုင် မှန်လုံခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါခဲ့ရာ  နောက်တစ်ရက် နံနက် ၉ နာရီခွဲခန့်မှာ အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်သို့ ရောက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အလားတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ထွက်ဆိုချက်အရ  အမည်မသိ မူဆလင်လူမျိုး ၁ ဦးက မူဆလင် ၅ ဦးအား ရန်ကုန်မြို့သို့ အရောက်ပို့ဆောင်ပေးရန်နှင့် ပို့ဆောင်ခ ကျပ်သိန်း ၃၀ ပေးမည်ဟု ပြောဆိုသဖြင့် သဘောတူညီခဲ့ပြီး ခေါ်ဆောင်လာ‌ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအား အမ်းမြို့နယ်လဝကရုံးတွင် ထိန်းသိမ်းထားကာ ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအားလည်း အမ်းမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိ၍ အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...