အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချ ဖျက်ဆီးရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ဝင်ကြဖို့ KNU တိုက်တွန်း

အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချ ဖျက်ဆီးရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ဝင်ကြဖို့ KNU တိုက်တွန်း

မဟာလူမျိုးကြီးဝါဒ အပါအဝင် အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချဖျက်ဆီးရေးနဲ့ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အပြင် ပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင်လ(၁၆)ရက်နေ့မှာ ကျရောက်တဲ့ (၇၅)နှစ်ပြည့် ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)နေ့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားတာပါ။

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးဟာ အာဏာသိမ်းစစ်အုပ်စုကို ဘက်ပေါင်းစုံကနေ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်တော်လှန်နေကြပြီး မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူတကွလက်တွဲကာ ကရင်အမျိုးသားတွေရဲ့ သမိုင်းဝင်ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချဖျက်စီးပစ်ရမှာလို့ KNU က ဆိုထားပါတယ်။

ဒီလို ကြိုးပမ်းတိုက်ပွဲဝင်နေကြတဲ့အချိန်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)က ခေါင်းဆောင်တွေ၊ စစ်သည်တော်တွေအနေနဲ့ မိမိတို့ခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင်မှုနဲ့လမ်းညွန်ချက်အတိုင်း ကရင်အမျိုးသားနဲ့ ပြည်သူလူထုရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေဖို့ ကြိုးပမ်းရမှာဖြစ်ပြီး ဒီလိုထမ်းဆောင်ကြရာမှာ တော်လှန်ရေးသတိနဲ့ နိုင်ငံရေးနိုးကြားမှုတွေလည်း ရှိရမှာဖြစ်တယ်လို့ KNU ရဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

လက်ရှိကာလဟာ မိမိတို့ရဲ့နိုင်ငံရေးပန်းတိုင်ကို ဆက်လျှောက်နေရတဲ့အချိန်ဖြစ်တာကြောင့် စုစုစည်းစည်းလက်တွဲလုပ်ဆောင်ကြပြီး အပြန်အလှန်နားလည်မှုမှုရှိရှိ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိတဲ့အထိ လက်တွဲလုပ်ဆောင်ကြရမှာဖြစ်တယ်လို့ KNU ဆိုထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားနဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ အကြမ်းဖက်အုပ်ချုပ်သူတွေရဲ့ မတရားစော်ကားမှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးမှုကနေ လွတ်မြောက်ပြီး အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုအတွက် အတူတကွကြိုးပမ်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...