အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချ ဖျက်ဆီးရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ဝင်ကြဖို့ KNU တိုက်တွန်း

အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချ ဖျက်ဆီးရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ဝင်ကြဖို့ KNU တိုက်တွန်း

မဟာလူမျိုးကြီးဝါဒ အပါအဝင် အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချဖျက်ဆီးရေးနဲ့ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အပြင် ပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင်လ(၁၆)ရက်နေ့မှာ ကျရောက်တဲ့ (၇၅)နှစ်ပြည့် ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)နေ့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားတာပါ။

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးဟာ အာဏာသိမ်းစစ်အုပ်စုကို ဘက်ပေါင်းစုံကနေ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်တော်လှန်နေကြပြီး မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူတကွလက်တွဲကာ ကရင်အမျိုးသားတွေရဲ့ သမိုင်းဝင်ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချဖျက်စီးပစ်ရမှာလို့ KNU က ဆိုထားပါတယ်။

ဒီလို ကြိုးပမ်းတိုက်ပွဲဝင်နေကြတဲ့အချိန်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)က ခေါင်းဆောင်တွေ၊ စစ်သည်တော်တွေအနေနဲ့ မိမိတို့ခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင်မှုနဲ့လမ်းညွန်ချက်အတိုင်း ကရင်အမျိုးသားနဲ့ ပြည်သူလူထုရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေဖို့ ကြိုးပမ်းရမှာဖြစ်ပြီး ဒီလိုထမ်းဆောင်ကြရာမှာ တော်လှန်ရေးသတိနဲ့ နိုင်ငံရေးနိုးကြားမှုတွေလည်း ရှိရမှာဖြစ်တယ်လို့ KNU ရဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

လက်ရှိကာလဟာ မိမိတို့ရဲ့နိုင်ငံရေးပန်းတိုင်ကို ဆက်လျှောက်နေရတဲ့အချိန်ဖြစ်တာကြောင့် စုစုစည်းစည်းလက်တွဲလုပ်ဆောင်ကြပြီး အပြန်အလှန်နားလည်မှုမှုရှိရှိ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိတဲ့အထိ လက်တွဲလုပ်ဆောင်ကြရမှာဖြစ်တယ်လို့ KNU ဆိုထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားနဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ အကြမ်းဖက်အုပ်ချုပ်သူတွေရဲ့ မတရားစော်ကားမှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးမှုကနေ လွတ်မြောက်ပြီး အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုအတွက် အတူတကွကြိုးပမ်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...