ဖမ်းဆီးခံထားရသည့် PDF လူငယ်ကို စစ်ကောင်စီတပ် မှ မြို့တွင်း PDF များရှိသည့်နေရာ လိုက်ပြခိုင်းနေ

ဖမ်းဆီးခံထားရသည့် PDF လူငယ်ကို စစ်ကောင်စီတပ် မှ မြို့တွင်း PDF များရှိသည့်နေရာ လိုက်ပြခိုင်းနေ
မြစ်ကြီးနား မြို့အထွက် ဖမ်းဆီးခံလိုက်ရသော PDF လူငယ်
မြစ်ကြီးနား မြို့အထွက် ဖမ်းဆီးခံလိုက်ရသော PDF လူငယ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက် မုဒ်ဝနားတွင် ဇူလိုင်လ ၁၄ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်ကို စစ်ကောင်စီတပ်သည် မြို့တွင်းရပ်ကွက်အတွင်း PDF များနေထိုင်သည့် နေရာများကို လိုက်လံပြခိုင်းနေကြောင်း တပ်နှင့် နီးစပ်သူများမှ သိရသည်။

“အရင်ကလို ဖုန်းကနေတစ်ဆင့် ကွင်းဆက်မလိုက်ဘူး။ PDF တွေရှိတဲ့နေရာ လိုက်ပြဖို့ နေရာတကာ ခေါ်သွားနေတာ ဟုတ်တယ်”ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

PDF အဖွဲ့များနေထိုင်သည့် ကွင်းဆက်များ ဖမ်းဆီးရန် မြစ်ကြီးနားမြို့ပေါ်ရှိ အေးမြသာယာ၊ ရမ်ဘူ နှင့် မြို့သစ် ရပ်ကွက်များတွင် လိုက်လံရှာဖွေနေကြာင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်သည် အသက် ၂၇ နှစ်အရွယ် ကိုသန့်ဇင်ဆိုသူဖြစ်ပြီး ဖားကန့်တွင်နေထိုင်သူဖြစ်ကာ KIA လက်အောက် PDF စစ်သင်တန်း အပတ်စဉ် ၄ ဆင်းထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“အဲနေ့က ကြိုပြီးသတင်းရလို့ စောင့်ဖမ်းလိုက်တာဟုတ်တယ်။ အရှေ့ ၅ယောက် အနောက် ၅ ယောက် ဝိုင်းဖမ်းလိုက်တော့ သူက ကားပြန်လှည့်မောင်းဖို့ လုပ်သေးတယ်။ ဝိုင်းထားတော့ဘယ်လိုမှ လှည့်ပြန်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်”ဟု ဖမ်းခံရသည့်နေ့ အခြေနေနှင့် ပတ်သက်ပြီး တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း အေးမြသာယာရပ်ကွက်တွင် ကားဓါးမြတိုက်ဟု စွပ်စွဲကာ PDF လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖမ်းဆီးထားသည့် အဆိုပါ PDF နှစ်ဦး၏ ဖုန်းမှတစ်ဆင့် ရမ်ပ ရပ်ကွက်ရှိ PDF လူငယ်များ နေထိုင်သည့် နေအိမ်သို့ ထပ်မံဝင်ရောက်ဖမ်းဆီးခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် ထိုနေရာတွင် PDF လူငယ် ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ခေါင်းဆောင်အပါအဝင် ကျန် ၄ ဦးအား ဖမ်းဆီးခံလိုက်ရသည်။

ဖမ်းဆီးသွားပြီး ၃ လအကြာ ဇူလိုင်လ ပထမပတ်တွင် အဆိုပါ ၄ ဦးအနက် ၂ ဦးမှာ ထောင်တွင်းနှိပ်စက် အသတ်ခံလိုက်ရကြောင်း သိရသည်။

မြစ်ကြီနားမြို့တွင် စစ်ကောင်စီတပ်မှ NUG နှင့် ဆက်စပ်သူများ၏ နေအိမ်များ ချိတ်ပိတ်မူ ပိုမိုလုပ်ဆောင်လာသည့်အပြင် တစ်ဖက်တွင်လည်း ရပ်ကွက်များတွင် ၎င်းတို့အတွက် သတင်းပေးရန် ဒေသခံအယောင်ဆောင် နေထိုင်ခိုင်းသူများလည်း ရှိလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...