အာဏာသိမ်း စစ်အုပ်စုကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ AAPP ပြော

အာဏာသိမ်း စစ်အုပ်စုကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ AAPP ပြော

အာဏာသိမ်း စစ်အုပ်စုဟာ အရပ်သားပြည်သူ‌တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူမျိုးတုန်းသတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တဲ့အတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်အုပ်စုတာဝန်ခံရမယ့် ရာဇဝတ်မှုခင်းများ အစီရင်ခံစာကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီတပ်ဟာ လူသားမျိုးနွယ်အပေါ်  အစုအပြုံအလိုက် သတ်ဖြတ်မှုပေါင်း ၁၉၀၀ နီးပါး ကျုးလွန်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီသတ်ဖြတ်မှုတွေမှာ စစ်ကောင်စီ လက်အောက်ခံ တပ်မ တပ်မ(၄၄) ၊ တပ်မ(၆၆)၊ (၇၇) တို့ ပါဝင်ပတ်သက်နေသလို ဖြတ်လေးဖြတ်အပြင် စစ်အုပ်စုဟာ အစုအလိုက်အပြုံအလိုက် သတ်ဖြတ်မှုတွေကိုပါ ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) မှာ အရေးယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တာဝန်ခံ တစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက်ကနေပြီးတော့ စစ်အုပ်စုတွေက ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေ စိုးမိုးမှု မရှိဘူး ၊ စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို အလုံးစုံ ချုပ်ကိုင်ထားတယ်။ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်ကို စစ်တပ်က ချုပ်ကိုင်ထားတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိဖို့အတွက် စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားဖို့ လိုအပ်တယ်။ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ၊ မတရား ညှင်းပန်းနှိပ်စက်မှုတွေကို ICC လို နေရာမျိုးမှာ အပြစ်ပေးအရေးယူတာတွေ လုပ်လို့ရမယ်” လို့ ဆိုပါတယ်။

 AAPP ရဲ့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ စစ်အုပ်စုဟာ ဖမ်းဆီးထားသူတွေကို ကာလအကြာကြီး တစ်ယောက်ထဲ သီးသန့်ချုပ်ထားတာ၊ ပြန်လွှတ်ပြီး နောက်တစ်ကြိမ် ဖမ်းဆီးတာတွေအပြင် လိင်အင်္ဂါတွေကိုပါ နှိပ်စက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတာယ်။

လူသားမျိုးနွယ်တွေအပေါ် ကျုးလွန်ခဲတဲ့ ရာဇဝတ်မှုတွေအတွက် စစ်အုပ်စု ခေါင်းဆောင်တွေအပြင် လက်အောက်ခံတပ်သားတွေပါ တာဝန်ခံမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အုပ်စု ကျူးလွန်နေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ နေ့စဉ်နဲ့အမျှ ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ အခြေအနေတွေကို စာရင်းပြုစုပြီး အချက်အလက် ထုတ်ပြန်နေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...