ကျောက်ကြီး၊ မုန်းဒေသရှိ စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ အတွက်ကျန်းမာရေးစောင့် ရှောက်မှုများစွာလိုအပ်နေ

ကျောက်ကြီး၊ မုန်းဒေသရှိ စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ အတွက်ကျန်းမာရေးစောင့် ရှောက်မှုများစွာလိုအပ်နေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ အတွက်ကျန်းမာရေး စောင့်ရှောက်မှုများ အကူအညီ အရေးပေါ်လိုအပ်လာကြောင်း စစ်ရှောင်ကူ ညီရေး လုပ်ဆောင်သူများ ထံမှသိရသည်။

အဆိုပါ စစ်ဘေးရှောင်တို့မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း (၂၆) ရွာမှ ဒေသခံ (၃၉၄၂၈) ဦးမှာ လက်ရှိတွင် ဖြူးနှင့် ကျောက်တံခါးမြို့နယ်ရှိ နီးစပ်ရာ တောတောင်အတွင်းသို့တိမ်းရှောင်နေ ကြရခြင်းလည်းဖြစ် သည်။

“ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာရယ် လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ကျေးရွာ ဒေသခံတွေ အကုန်ပြေး ကြရတယ်။ လူဦးရေ လေးသောင်းနီးပါး ရှိတာပေါ့နော်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးတွေလည်းပါလာတယ်။ သေချာ စာရင်း မကောက်ရသေးဘူး ဖြစ်နေတယ် ” ဟု ဒေသခံ ကရင်လူမှူ ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

သို့သော်လည်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နှင့် ကရင်အမျိုးသမီး အစည်းအရုံး (KWO) တို့ ၏ စာရင်းများ အရကျောက်ကြီးနှင့် မုန်းမြို့နယ်တွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်အရေ အတွက် (၁၁၀၀၀) ကျော်အထိ ပါဝင်နေကြောင်းလည်း သိရသည်။



တိုက်ပွဲများကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့မှ စစ်ရှောင် ဒေသခံများ နီးစပ်ရာ တောတောင်များတွင်တိမ်းရှောင်နေရစဉ် ဓာတ်ပုံ- ကေအန်ယူအမျိုးသားအစည်းအရုံး (KNU) ဗဟို

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အတွက်လိုအပ်သည့် အာဟာရနှင့် ဆေးဝါးတွေ ရရှိရေး၊ မွေးဖွားရန်အတွက်နဲ့ နေထိုင်ရန်မှာလည်း အခက်အခဲများစွာ ရင်ဆိုင်နေ ကြရကြောင်း စစ်ရှောင်ဒေသခံများ ထံမှ သိရသည်။

“ ကိုယ်ဝန်ကြီးနဲ့ ဖြစ်တာရယ်။ လက်နက်ကြီးနဲ့ ပစ်တာဆိုတော့ မနည်းကို ပြေးရတယ်။ ကလေးကလည်း ငယ်တော့ ပိုပြီးအခက်အခဲ ကြုံရတယ်။ ဆေးရုံပြဖို့ ရှိတာကလည်း အခုတော့ မပြနိုင်သေးဘူး ဖြစ်နေတယ်။ တချို့ ကိုယ်ဝန်ဆောင်သည်တွေ အတွက်ဆို မီးဖွားဖို့နဲ့ နေဖို့ပါ အခက်အခဲဖြစ်နေရတယ် ” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် လက်ရှိတွင် စစ်ရှောင် ဒေသခံတချို့မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုများရှိနေသဖြင့် အထူးသဖြင့် ကလေးငယ်များအား ကုသပေးရန်အတွက် ဆေးဝါး အထောက်အပံ့ အကူအညီတွေ ထပ်မံလိုအပ်လာကြောင်း စစ်ရှောင်များကို ကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများမှပြောဆိုသည်။



တိုက်ပွဲများကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့မှ စစ်ရှောင် ဒေသခံများ နီးစပ်ရာ တောတောင်များတွင်တိမ်းရှောင်နေရစဉ် ဓာတ်ပုံ- ကေအန်ယူအမျိုးသားအစည်းအရုံး (KNU) ဗဟို

“ ဆေးဝါးတွေ ကတော့ပို လိုလာတယ်။ အထူးသဖြင့် ကလေးငယ်တွေပေါ့။ ငှက်ဖျားရောဂါ ခံစား နေကြရ တာများတယ်။ လိုအပ်တဲ့ ခြင်ထောင်တွေ မိုးကာတွေ မရတာကြောင့် လည်းပါတယ်။ အဲတာတွေကို ပိုပြီး ထောက်ပံ့နိုင်ရင်တော့ကောင်းမယ် ” ဟု စစ်ရှောင်များကို ကူညီကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ်းတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ၂၅ ရက်စပြီးယနေ့အထိ ကျောက်ကြီးနှင့်မုန်းမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်း (၅) ခုကို ကေအန်ယူတပ်မဟာ (၃) KNLA ပူးပေါင်းအဖွဲ့တို့က တ ပြိုင်နက်ထဲ တိုက်ခိုက်ခံရပြီး နောက် တိုက်ပွဲဖြစ်ပွား ခဲ့သည်။

လက်ရှိတွင် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီ တပ်မှအင်အား အများအပြား ဖြင့် စစ်ကြောင်းထိုး ရန်ကြိုးစားမှုများကြောင့် ကေအန်ယူ တပ်မဟာ (၃) KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ တပ်ကြား နှစ်ဖက်စစ်ရေး တင်းမာမှုများရှိနေသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...