ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် မွန်-ကရင်-တနင်္သာရီ ကျောင်းသားသမဂ္ဂများ အွန်လိုင်းဆွေး နွေးပွဲ ပြုလုပ်

ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် မွန်-ကရင်-တနင်္သာရီ ကျောင်းသားသမဂ္ဂများ အွန်လိုင်းဆွေး နွေးပွဲ ပြုလုပ်

နှစ် (၆၀)ပြည့် ဆဲဗင်းဇူလိုင် (7 July) ကျောင်းသား အရေးတော်ပုံနေ့ အထိမ်းအမှတ်အနေဖြင့် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ကျောင်းသားသမဂ္ဂများစီစဉ်ပြီး သမဂ္ဂလူငယ်များပါဝင်သည့် အွန်လိုင်း စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို  ပြုလုပ်ခဲ့ကြသည်။

တစ်နာရီကြာ ပြုလုပ်ခဲ့သည့် ဆဲဗင်းဂျူလိုင် သတိရအောက်မေ့ဖွယ်နေ့ စကားဝိုင်းဆွေးနွေးပွဲကို အကြောင်းရင်းနှစ်ရပ် ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက် ကျောင်းသားပြည်သူများက ဆန့်ကျင်တော်လှန်ခဲ့ ကြောင်း ပြည်သူများသိစေရန် အသိပေးလိုခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ၏ တာဝန်ခံတစ်ဦးက ယခုလို ပြောသည်။

"ဆွေးနွေးပွဲလေးလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့မှာ အဓိကအားဖြင့် နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ဒီ ၁၉၆၂ခုနှစ်၊ 7 July အပါအဝင် ခေတ်အဆက်ဆက်က အာဏာရှင်တော်လှန်ရေး ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားပြည်သူအကုန်လုံးကို ကျနော်တို့က လေးစားဂုဏ်ပြု အောက်မေ့သတိရတဲ့အနေနဲ့ အခုလို လုပ်ရတာပါ။ ဒုတိယတစ်ချက်အနေနဲ့ကတေ့ာ ကျနော်တို့က ပြည်သူလူထုကို awareness လုပ်တာမျိုးပေါ့။"ဟု ကေအိုင်စီသို့ ပြော သည်။

ထို့အပြင် နိုင်ငံမှာ ယနေ့ခေတ်၊ ယခုလိုအခြေအနေမျိုး မရောက်ခင်အချိန်ကလည်း ခေတ်အဆက်ဆက် အာဏာရှင် များကို ကျောင်းသားပြည်သူများက အာဏာရှင်များကို မည်မျှအထိ ပေးဆပ်ခဲ့ရကြောင်း၊ မည်မျှအထိ တော်လှန်ခဲ့ ကြောင်းနှင့် မည်မျှစွန့်လွှတ်ခဲ့သည်ကို ပြန်လည်၍ အသိပညာပေးလိုသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

အွန်လိုင်း စကားဝိုင်းဆွေးနွေးပွဲတွင် တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများကွန်ရက်မှ ရဲဘော်ဗညားက အကျိုးဆောင်အဖြစ် တာဝန်ယူပြီး ကျောင်းသားခေါင်းဆောင်ဟောင်း(ဗကသ)များအဖွဲ့ချုပ် မြေလတ်ဒေသမှ ရဲဘော် ကိုချစ်ဝင်းမောင်၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ အမျိုးသမီးလူငယ် ရဲဘော်စံ၊ မွန်ပြည်နယ် ကျောင်းသားများသမဂ္ဂမှ ရဲဘော်ရဲခေါင်နှင့် ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂများကွန်ရက်မှ ရဲဘော်စောခန့်ဇော်ဝင်း တို့က ပါဝင်ဆွေးနွေး ပြောဆိုခဲ့ကြသည်။

၎င်းဆွေးနွေးပွဲတွင် မျက်မှောက်ခေတ်ကာလ ကျောင်းသားလူငယ်များက လက်နက်ကိုင်တော်လှန်ရေး အသွင်ပြောင်း ကာ တောတွင်းလက်နက်ကိုင်တိုက်ပွဲဝင်နေကြသလို မြို့ပေါ်ရှိ ကျောင်းသားတော်လှန်ရေးသမားများအနေဖြင့်လည်း တတ်နိုင်သည့်ကဏ္ဍမှ ပါဝင်လျက်ရှိကြရင်း နွေဦးတော်လှန်ရေးတွင် လူငယ်များ ထဲထဲဝင်ဝင် လုပ်ဆောင်သွားမည့်အ ကြောင်းများကို ဆွေးနွေးခဲ့ကြသည်။

ရဲဘော်စောခန့်ဇော်ဝင်းက "တော်လှန်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်ဆိုတာက ခေါင်းနဲ့ပန်းလိုပဲ လုံးဝ ကပ်နေတာဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးလုပ်နေတဲ့လူငယ်တွေအနေဖြင့်လည်း တော်လှန်ရေးပြီးသွားတဲ့အခါ မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်တည်ဆောက်နေတဲ့အခါမှာ ကျနော်တို့က ဒီတိုင်းလေး ငြိမ်နေမှာ မဟုတ်ဘူး။ ကျနော်တို့ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ အထူးသဖြင့် လူငယ်အသံ၊ ကျောင်းသားထုအသံ။ ပြီးလို့ရှိရင် တခြားအသွင်ကူးပြောင်းရေး တရားမျှတမှုတွေကို ကျနော်တို့ကျောင်းသားလူထုတွေ ကျောင်းသားသမဂ္ဂအနေနဲ့ အတတ်နိုင်ဆုံး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စုစည်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။"ဟု ပြောဆိုသွားခဲ့သည်။

၁၉၆၂ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် စစ်အာဏာရှင် ဗိုလ်နေဝင်း ဦးဆောင်သည့်စစ်အုပ်စုက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြပြီး မတရား ဖိနှိပ်ချုပ်ချယ်သော ကျောင်းသားအဆောင်နှင့် ကမောက်ကမ ပညာရေးကို မလိုလားကြသည့် သပိတ်မှောက်တက္ကသိုလ်ကျောင်းသားများကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့သဖြင့် ရာနှင့်ချီသော ကျောင်းသူကျောင်းသား များ သွေးမြေကျခဲ့ရသည့်နေ့တစ်နေ့ကို အစွဲပြု၍ ဆဲဗင်းဇူလိုင် အောက်မေ့ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုနေ့သည် ရန်ကုန်တက္ကသိုလ်တွင် ပထမဦးဆုံးသွေးမြေကျခဲ့ရသည့် ၎င်းနေ့ကို ဆဲဗင်းဇူလိုင် အရေးအခင်းဟုလည်း လူသိများကြသလို နောက်တစ်ရက် ဇူလိုင်လ ၈ရက်နေ့၊ မနက် သုံးနာရီအချိန်တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ် အုပ်စုက တက္ကသိုလ်ဝင်းရှိ (တကသ)အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...