ဖမ်းဆီးခံ ဘီးလင်း NLD ပါတီ ဥက္ကဌ ဦးကျော်မျိုးမင်းကို သေဆုံးလျက် ပြန်တွေ့

ဖမ်းဆီးခံ ဘီးလင်း NLD ပါတီ ဥက္ကဌ ဦးကျော်မျိုးမင်းကို သေဆုံးလျက် ပြန်တွေ့

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဌ ဦးကျော်မျိုးမင်းကို ဇူလိုင် ၆ ရက်နေ့မှာ သေဆုံးလျက် အလောင်း ပြန်တွေ့ခဲ့တယ်လို့ NLD ပါတီဝင်‌တွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

ဦးကျော်မျိုးမင်း အလောင်းကို အသတ်ခံခဲ့ရတဲ့ NLD ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ရဲ့ အလောင်းအနီးဝန်းကျင် ရေမြောင်းထဲမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ပြန်လည် တွေ့ရှိခဲ့တာပါ။

"ဦးကျော်မျိုးမင်း အလောင်းကိုတော့ အရင်တွေ့ခဲ့တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ရဲ့ အလောင်းမြှုပ်ထားတဲ့နေရာ မနီးမဝေး ရေမြောင်းထဲမှာ သစ်ခက်တွေနဲ့ အုပ်ထားတာ၊ဒီနေ့မှ ပြန်တွေ့ခဲ့တာ၊အလောင်းကတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်ပြီး၊ တစ်ရက်တည်း အသတ်ခံထားရတယ်လို့ ယူဆရတယ် '' လို့ NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

ဦးကျော်မျိုးမင်းအလောင်းကိုတော့ ရေမြောင်းအတွင်း  ဦးခေါင်းကို ဗွက်ထဲနစ်ထားကာ လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ဘီးလင်းမြို့နယ်၊ ပေါ်ခီးကျေးရွာအနီးမှာ ဦးကျော်မျိုးမင်း အပါအဝင် NLD ရပ်ကျေးပါတီဝင်တွေဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသား ၁ ဦးတို့ဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ပစ်ခတ်ဖမ်းဆီးခဲ့လိုက်ရတာပါ။

အဲဒီနောက်မှာတော့ အတူဖမ်းဆီးခံရတဲ့ ဦးပန်းမြင့်နဲ့ဦးကိုကိုမောင်တိုရဲ့အလောင်းကို‌တော့ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့မှာ မြေမြှုပ်လျက် ပြန်လည် တွေ့ရှိခဲ့တာပါ။

ဦးကျော်မျိုးမင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...