ပအိုဝ်းဒေသရှိ အရွယ်ရောက်ပြီးသူများအားလုံး PNO ပြည်သူ့စစ်အဖြစ် စုဆောင်းမည်ဟု ကြေညာချက်ထုတ်

ပအိုဝ်းဒေသရှိ အရွယ်ရောက်ပြီးသူများအားလုံး PNO ပြည်သူ့စစ်အဖြစ် စုဆောင်းမည်ဟု ကြေညာချက်ထုတ်
ဓာတ်ပုံ- Karenni’s Voice
ဓာတ်ပုံ- Karenni’s Voice

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အရွယ်ရောက်ပြီးသူများအားလုံး PNO ပြည်သူ့စစ်အဖြစ် စုဆောင်းမည့် ကြေညာချက်စာတစ်စောင်အား စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာကြောင်း သိရသည်။

အဆိုပါ ကြေညာချက်ထဲတွင် PNO ပြည်သူ့စစ်၏ နယ်မြေများအား အခြားအဖွဲ့အစည်းများက လာရောက်ကျူးကျော် စော်ကားနေသဖြင့် ယခုကဲ့သို့ စစ်သားစုဆောင်းခြင်းကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု PNO၏ ကြေညာချက်တွင် ဖော်ပြထားသည်။

PNOမှ ပအိုဝ်းဒေသအတွင်းရှိ အရွယ်ရောက်ပြီးသူများ အားလုံးအား စုဆောင်းကာ အခြေခံစစ်ပညာသင်တန်းကို တက်ရောက်စေပြီးနောက် တပ်သားသစ်များအဖြစ် ဖွဲ့စည်းနေကြောင်း သိရသည်။

''အသက် ၁၈ နှစ်အထက်၊ အသက် ၅၀ အောက်ကို ရွာလုံးကျွတ်ကိုယ်ခံပညာသင်ရတယ်။ တစ်ရွာကို အခုတော့ ခုနစ်ယောက် PNOစစ်ထဲဝင်ရမယ်လို့ပြောတယ်။ ပအိုဝ်းဒေသတွေ အားလုံးလို့ပြောတယ်။ မဲနှိုက်ရတယ်။ မဲကျတဲ့သူ စစ်မှုထမ်းရမယ်လို့ပြောတယ်။အဲဒါကတော့အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းပါ။ တစ်အိမ်ကို ၃၀,၀၀၀ PNO ကကောက်တယ်။ အခုလို စစ်မှုထမ်းရမယ်ဆိုတာရယ်၊ တစ်အိမ် ၃၀,၀၀၀ ဆောင်ခိုင်းတာတွေကို လိုင်းပေါ်တင်ရင် အရေးယူမယ်ဆိုးပြီး ခြိမ်းခြောက်တယ်။ ပအိုဝ်းတွေ ပြန်မပြောရဲကြဘူးလေ'' ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အပြင် ပအိုဝ်းရွာများရှိ လူငယ်များမှာ စစ်မှုမထမ်းလိုသည့်အတွက် ထိုင်းနိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်နေကြကြောင်း၊ တောင်ကြီးမြို့မြောက်ဘက် အချို့ရွာများ၌ တပ်သားသစ်စုဆောင်းရာတွင် PNOလူကြီးများ၏ သားသမီးများနှင့် ၎င်းတို့ဆွေမျိုးများ၏ သားသမီးများကိုမူ ကင်းလွတ်ခွင့်ပြုကြောင်း ဒေသခံများထံက သိရသည်။

''စစ်ထဲဝင်ဖို့ မဲနှိုက်ရတော့ လူကြီးသားသမီးတွေမပါဘူးလို့ ပြောတယ်။ တချို့ရွာတွေမှာဆိုရင် မဲနှိုက်လို့ပေါက်တဲ့သူဆိုရင် သူကမသွားချင်တော့သိန်း ၃၀ ပေးတာတောင် ကိုယ်စားသွားမယ့်သူမရှိလို့ ကိုယ့်ကိုယ်ကိုဆွဲကြိုးချအသေခံရတယ်ဆိုပြီး သတင်းတွေ ထွက်တယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် စစ်တပ်က အစဉ်အဆက် ထုတ်ပြန်ထားသည့် တို့တာဝန်အရေးသုံးပါးကို လက်ခံကျင့်သုံးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ပအိုဝ်းဒေသတွင် ယခုလက်ရှိနှင့် နောက်နောင် ဖြစ်ပွားလာမည့် တိုက်ပွဲများသည် ပအိုဝ်းလူမျိုးရေးနှင့် နယ်မြေရေးဆိုင်ရာများကို ကျူးကျော်လိုသည့် တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီကို တိုက်ခိုက်မည့် ကြားဖြတ်စစ်ရေး လှုပ်ရှားမှုသာ ဖြစ်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ပအိုဝ်းပြည်သူလူထု၊ PNO နှင့် PNLO အဖွဲ့ချုပ်များထံ အိတ်ဖွင့်စာပေးပို့ခဲ့သည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...