အိမ်ပြန်လာတဲ့ CDM ဆရာမ အဖမ်းခံရ

အိမ်ပြန်လာတဲ့ CDM ဆရာမ အဖမ်းခံရ

မြိတ်မြို့ အထက ၂ တွင် တာဝန်ထမ်းဆောင်ခဲ့သူ CDM ဆရာမ ဒေါ်ယုယုလွင်သည် တိမ်းရှောင်နေရာမှ နေအိမ် သို့ ပြန်လာစဉ် အဖမ်းခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

CDM ဆရာမ ဒေါ်ယုယုလွင်သည် မြိတ်တောင်နယ်မြေ၊ ဇေယျာသီရီ ၃ ရပ်ကွက်၊ ရွှေလိပ်ပြာလမ်း နေအိမ်သို့ ပြန်လာစဉ် ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းက အဖမ်းခံလိုက်ရသည်ဟု သိရသည်။

ရွှေလိပ်ပြာလမ်းအတွင်း နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးက “ဆရာမက စစ်တပ် အာဏာ သိမ်းပြီးကတည်းက CDM လုပ်ပြီး ရှောင်တိမ်းနေရတာပါ။ အခုမှအိမ်ကို ခဏပြန် လာတာ လူသိပ်သိတာ မဟုတ်ဘူး။ နှစ်ရက်သုံးရက်ပဲ ရှိသေးတာ။ သတင်းပေး တိုင်သမားရှိတာ သေချာတယ်” ဟု ပြောသည်။

ဒေါ်ယုယုလွင် သည် အထက ၂ ကျောင်းတွင် မူလတန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နေအိမ်သို့ ပြန်စဉ် စစ်ကောင်စီ သတင်းပေး ဒလန်အချို့၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရဖြစ်သည်ဟု သိရသည်။

အလားတူ မြိတ်မြို့ပေါ်ရှိ အခြားရပ်ကွက်အချို့တွင်လည်း CDM ပြုလုပ်ထားသည့် ပညာရေး ဝန်ထမ်း ကျောင်း ဆရာ/ဆရာမများ နှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများလည်း တိမ်းရှောင်နေရာမှ နေအိမ်သို့ ရောက်ရှိစဉ် သတင်း ပေး ဒလန်များ၏ တိုင်ကြားချက်အရ ယခုကဲ့သို့ ဖမ်းဆီးခံရသူများလည်း ရှိနေသေးသည်ဟု မြို့ခံများက ဆို သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဆရာမ ဒေါ်ယုယုလွင်ကို စစ်ကောင်စီက မည်သည့် နေရာသို့ ဖမ်းဆီး ခေါ် ဆောင်ကာ စစ်ဆေးနေသည်ကိုမူ မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပင်လျှက်ရှိနေသည်ဟု သိရ သည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...