မွန်ပြည်နယ်မှာ ခိုးမှုတွေ များပြားလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်နိုင်တာ မရှိသလောက် နည်းပါး

မွန်ပြည်နယ်မှာ ခိုးမှုတွေ များပြားလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်နိုင်တာ မရှိသလောက် နည်းပါး

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ခိုးမှုတွေ များပြားလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူနိုင်တာ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်တဝန်းမှာ စစ်ကောင်စီဘက်က ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ညပိုင်းအချိန်တွေမှာ နေအိမ်ဖောက်ထွင်းခံရတာနဲ့ နေရောညပါ ဆိုင်ကယ် ခိုးယူခံရမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

အခုလို ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူခံရမှုဟာ စစ်ကောင်စီက ပြည်နယ်တဝန်းမှာ လုံခြုံးရေး တင်းကြပ်ထားတဲ့ကြားက ဆက်တိုက် ဖြစ်ပေါ်နေတာပါ။

ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူခံရတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေကို သွားရောက် တိုင်ကြားပေမယ့် ရှာဖွေဖမ်းဆီး အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“  အိမ်ဘေးမှာ ထားထားတယ် ၊ သော့လည်း ခတ်ထားတယ် ၊ အဲ့တာကို မသွားတယ်။ တိုင်တော့လည်း ဘာမှမလုပ်ပေးဘူး၊ တိုင်ချက်တော့ ဖွင့်ထားတယ်။ ကျွန်တော်သိသလောက်တော့ ဆိုင်ကယ် ပျောက်ပြီးရင် တယောက်မှ ပြန်ရတယ်လို့ မရှိဘူး”လို့ ဆိုပါတယ်။

ခိုးယူခံရတဲ့ ဖြစ်စဉ်တွေမှာ အခုနောက်ပိုင်းကာလတွေအတွင်း အုပ်စုဖွဲ့ ခိုးယူမှုတွေပါ ရှိလာသလို တချို့ခိုးမှုတွေမှာတော့ အသက်အန္တရာယ်ကို ပြန်လည် ရန်ရှာသွားတဲ့ ဖြစ်စဉ်တွေအထိပါ ဖြစ်ပေါ်နေပါတယ်။

ခိုးယူသူတွေကို ပြည်သူတွေ ဝိုင်းပြီး ဖမ်းဆီးပြီးနောက် ရဲလက်အပ်ရင်လည်း ရဲစခန်းမှာ ဖမ်းဆီးထားတဲ့သူတွေ များနေတယ်ဆိုတဲ့ အကြောင်းပြန်ချက်နဲ့ နောက်တစ်ရက်မှာ ခံဝန်ထိုးပြီး ပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ အိမ်မှာသူခိုးကပ်လို့ ရဲစခန်းဖုန်းဆက်တာ မလာရဲဘူးတဲ့ ။ ဝိုင်းဖမ်းတော့ မိတယ် ၊ မိတော့ ကိုယ့်အိမ်က ကားနဲ့ကိုယ့်ဆီနဲ့  သူတို့ဆီ သွားပို့ရတယ်။ဒါပေမယ့် တစ်ရက်ပဲ ဖမ်းချုပ်လိုက်ပြီး စခန်းထဲမှာ ကျန်တဲ့သူတွေ အရမ်းများနေလို့ဆိုပြီး တစ်ရက်တည်းနဲ့ ပြန်လွှတ်လိုက်တယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်တဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးရေးအတွက်ဆိုပြီး မြို့နယ် အသီးသီးမှာ CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ခိုးမှု၊ လုယက်မှုတွေကို ဖမ်းဆီးရမိတာ မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။

ဥပဒေပညာရှင်တွေကတော့ အခုလို တရားဥပဒေ စိုးမိုးရေး မဆောင်ရွက်နိုင်တာဟာ စစ်ကောင်စီက အာဏာတည်မြဲရေးကိုသာ အဓိက ကြိုးပမ်းနေတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...