ဖားကန့်မြို့နယ်၊ တံတားညီနောင်နှင့် ခွမ်ဆိုင်ယန်ကျေးရွာကြားတွင် စစ်ကောင်စီလက်အောက်ခံ ရဲ (၆) ဦးကို KIA ဖမ်းဆီး

ဖားကန့်မြို့နယ်၊ တံတားညီနောင်နှင့် ခွမ်ဆိုင်ယန်ကျေးရွာကြားတွင် စစ်ကောင်စီလက်အောက်ခံ ရဲ (၆) ဦးကို KIA ဖမ်းဆီး
ပုံဟောင်းအသုံးပြုထားပါသည်။
ပုံဟောင်းအသုံးပြုထားပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တံတားညီနောင်နဲ့ ခွမ်စိုင်ယန်ကျေးရွာကြားမှာ ကာမိုင်းကနေ တက်လာတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်(၆)ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းတို့ကနေ မနေ့က နေ့လယ်(၁၁)နာရီ ဝန်းကျင်မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

 ကာမိုင်းကနေ အရပ်ဝတ်တွေ ဝတ်ဆင်ပြီး လက်နက်အပြည့်အစုံနဲ့ ဖားကန့်ဘက်တက်လာချိန် ဂေါ့လူယန်ကျေးရွာ အရောက် လမ်းခုလတ်မှာတင် KIAပူးပေါင်းတပ်တို့ကနေ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

 "တံတားညီနောင်နဲ့ ခွမ်စိုင်ယန် ကြားက ဂေါ့လူယန်မှာ ဟုတ်တယ်။ ရဲဟုတ်တယ်တဲ့။ (၆)ယောက်ပေါ့။ အရပ်ဝတ်နဲ့ သေနတ်တွေက အထဲမှာ ဝှက်ပြီး တက်လာခဲ့ကြတာ။ ကားနဲ့ ဟုတ်တယ်"လို့ သူက ပြောပါတယ်။

 အဲဒီရဲ တပ်ဖွဲ့ဝင်တွေဟာ ကားမိုင်းဘက်က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ဖားကန့်ဘက် ရဲအင်အားဖြည့်တင်းဖို့ တက်လာကြတာ ဖြစ်နိုင်တယ်လို့လည်း အထက်ပါ သတင်းအရင်းအမြစ်က သုံးသပ်ပြောဆို ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်(၆)ဦးဖမ်းဆီးခံလိုက်ရတဲ့ နယ်မြေဟာ KIAတပ်ရင်း(၄၄)နဲ့ MHHပူးပေါင်းတပ်တို့ရဲ့ လှုပ်ရှားနယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

 ပြီးခဲ့တဲ့ မေလ(၁၉)ရက်‌နေ့ကလည်း တနိုင်းမြို့ဘက်တပ်သားအင်အား(၇၀)နဲ့ ထွက်လာတဲ့ စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို တရုန်ချောင်းအကျော်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းတို့ကနေ မိုင်းဆွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...