စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) ရုံးသို့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများမှ သိရသည်။

ဇူလိုင်လ ၅ ရက် ည ၈နာရီဝန်းကျင်တွင် စစစ ရုံးအနီး စစ်ကားတစ်စီး ဝင်ရောက်လာချိန် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံတစ်ဦး ယခုလိုပြောသည်။

" ၈နာရီ မထိုးခင်ပေါက်ကွဲသံ၂ချက် အရင်ကြားရတယ်။ အဲနောက်တစ်ကြိမ်ထပ်ကွဲတာတော့ စစ်ကားတစ်စီး အဲ့ရုံးရှေ့မှာအရောက် ကွက်တိမိုင်းတစ်လုံးထပ်ကွဲသံကြီးကြားလိုက်တာ အိမ်တောင်တုန်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ပြောဆိုချက်အရ စစ်ကားမိုင်းခွဲခံရမူတွင် ထိခိုက်သေဆုံးမူရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ (စစစ) ရုံးရှေ့ပေါက်ကွဲမှု မဖြစ်ခင် လက်နက်ကြီးသံ ၂ ချက်ကြားခဲ့ရပြီး ပေါက်ကွဲမူဖြစ်ပြီးနောက်တွင်လည်း လက်နက်ကြီး ၂ ချက် ထပ်မံကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။

‌ပေါက်ကွဲမူဖြစ်ခဲ့သည့် အေးမြသာယာရပ်ကွက်တွင် လက်နက်ကြီးကျည်စများ အနီးပတ်ဝန်းကျင်ရှိနေအိမ်များသို့ထိမှန်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရသူပြည်သူ ၂ ဦးရှိကြောင်းသိရသည်။

သို့သော် ထိခိုက်ဒဏ်ရာရရှိသူ မည်မည်ဝါဖြစ်ကြောင်း KNG သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ထို့ကြောင့် ယနေ့ မြစ်ကြီးနားမြို့အဝင်အထွက်ကားများ အိမ်စီးကား၊ အုတ်ခဲတင်ကားပါ မကျန် စစ်ကောင်စီတပ်ဘက်မှ စစ်ဆေးနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်တွင် ဇွန်လမှ ဇူလိုင် ၆ ရက်နေ့ထိ စစ်ကောင်စီတပ် ပစ်ခတ်ခံရမူနှင့် စစ်ကောင်စီရုံးများတွင် ပေါက်ကွဲမှု စုစုပေါင်း  ၄ ကြိမ်ထိရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမူ ပေါက်ကွဲမူများသည် ဇွန်လ ၂ရက်နေ့ သီတာဝန်ထမ်းအိမ်ယာတွင် တစ်ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့ မပခ လေတပ်ဝင်းအတွင်း တစ်ကြိမ်၊ ဇွန်လ ၁၉ ရက်နေ့ မြစ်ကြီးနား တန်ဖရဲရွာအနီးတစ်ကြိမ်နှင့် ဇူလိုင်လ ၆ ရက်နေ့ (စစစ) ရုံးရှေ့တစ်ကြိမ် စုစုပေါင်း ‌၄ကြိမ်ထိရှိလာပြီဖြစ်သည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...