KIC တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

KIC တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

ယခုနှစ်တွင် ကျရောက်သည့် ကရင်သတင်းစဉ်-KIC ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုနေ့အထိမ်းအမှတ် အခမ်းအနားကို  ဇူလိုင် ၃ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တစ်နေရာ၌ အခမ်းအနား အစီအစဉ် နှင့် အွန်လိုင်းအစီအစဉ် နှစ်မျိုးစလုံးဖြင့် အချိန်တည်း ကျင်းပပြုလုပ်ခဲ့သည်။

ကေအိုင်စီ သတင်းဌာနကို ၁၉၉၇ ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့တွင် ဖွဲ့စည်းတည်ခဲ့ခြင်းဖြစ်သော်လည်း အခြေအနေအကြောင်းကြောင့် ယခုလ ၃ ရက်နေ့တွင် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကျင်းပလာခဲ့သည်မှာ ၄ကြိမ်မြောက်ဖြစ်ပြီးဖြစ်ကြောင်း အခမ်းအနားတွင် ကေအိုင်စီ၏ လက်ရှိ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖောဂေက ယခုလို ပြောသည်။

“အခုကတော့ ၄ကြိမ်မြောက် အခမ်းအနားလည်းဖြစ်တယ်၊ အမှတ်တရ မှတ်တိုင် တစ်ခုလည်း ဖြစ်တယ်။ ငွေရတု မှတ်တိုင် တစ်ခုကို ကျမတို့ စိုက်ထူနိုင်ခဲ့တယ်။ ဒီ ၂၅ နှစ် ရပ်တည်လာခဲ့ရတဲ့ အတောအတွင်းမှာလည်း ကျမတို့ အတက်အဆင်း အချိုးအကွေ့အများကြီး ကျော်ဖြတ်ခဲ့ရတယ်။ “ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ကေအိုင်စီ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ပထမဦးဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် နှစ် ၂၀ မြောက် နှင့် ၂၀၁၉ ခုနှစ်တွင် ၂၂ နှစ်မြောက် အထိမ်းအမှတ်နေ့ကို ဖားအံမြို့တွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

နံနက် ၁၀နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ ကျင်းပသည့် အခမ်းအနားတွင် ကေအိုင်စီ စတင်တည်ထောင်ဖွဲ့စည်းဖြစ်ပုံနှင့်ရည်ရွယ်ချက်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသည့်အဖွဲ့အစည်းခေါင်းဆောင်တချို့မှ အမှတ်တရ စကားပြောခြင်းနှင့် မိတ်ဖက် မီဒီယာများမှ ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

ထို့အပြင် ကေအိုင်စီ ဝန်ထမ်းများ၏ လှုပ်ရှားမှု ပုံရိပ်များကို ရုပ်သံပြသပေးခဲ့သလို အဖွဲ့၏ ရေရှည်ရည်ရွယ်ချက်များကို ရှင်းလင်းပြောဆိုခဲ့ပြီး ဒေသအဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များမှ ကေအိုင်စီအတွက် ပြောဆိုပေးထားသည့် အမှတ်တရစကားများကို ပြသပေးပြီးနောက် အမှတ်တရ တေးသီးချင်းများသီဆိုခြင်းနှင့် ရိုးရာဒုံးကပြဖျော်ဖြေခြင်းများပြုလုပ်ခဲ့ကြသည်။

ကရင်လူမှုအဖွဲ့ အစည်းအတွင်း သတင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ပိုမိုသိရှိနားလည်‌စေရန် ရည်ရွယ်ချက် ဖြင့် ကေအိုင်စီကို ၁၉၉၇ ခုနှစ်က စတင်ဖွဲ့စည်းတည်‌ထောင်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လူ့အခွင့်အ‌ရေး၊ တိုင်းရင်းသားများ အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီ‌ရေးတို့အ‌ပေါ်တွင် ရပ်တည်၍ စ‌ကောကရင်၊ ဗမာနှစ်ဘာသာပါဝင်သည့် “ကရင်အမျိုးသားသတင်းစာ‌စောင်”ကို ထုတ်‌ဝေလာခဲ့ပြီး ၂၀၀၄ခုနှစ် မှစ၍ “က‌ညောတာက‌စော်၊ ကရင်သတင်းစဉ်” အမည်ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအထိ ထုတ်ဝေခဲ့သည်။ ယခုအချိန်တွင် ကေအိုင်စီအနေဖြင့် ကရင်၊ ဗမာ၊ အင်္ဂလိပ် ဝက်ဘ်ဆိုက်ဒ်သတင်းစာမျက်နှာ၊ ဖေ့ဘွတ်ခ်၊ YouTube စသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းနှင့် ရုပ်သံသတင်းများကို ရေးသားတင်ဆက်လျက်ရှိသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...